မတ်ပဲပပင်လေးတွေခါးရိပြီးတဖြည်ဖြည်းနွမ်းပီးသေလို့ ဘာ ဆေးသုံးရမလဲပြောပေးပါအုံး
၁။ မှည့်ပြောက်စွန်းရောဂါ (Anthracnose: Colletotrichum lindemuthianum) ရောဂါလက္ခဏာများ • ဤမှိုသည် အပင်ကြီးထွားမှု၏ မည်သည့်အဆင့်မဆို လေပေါ်ပိုင်းအစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။ • ရောဂါလက္ခဏာများသည် အရွက်များနှင့် ပဲသီးတောင့်များပေါ်တွင် စက်ဝိုင်းပုံဖြစ်ကာ အနက်ရောင်ဗဟိုနှင့် တောက်ပသည့် လိမ္မော်နီရောင်အနားသားနှင့်အတူ အနက်ရောင်နေလောင်စက်များဖြစ်သည်။ • ဆိုးဝါးစွာကျရောက်ပါက ရောဂါကျအပိုင်းများ ညှိုးနွမ်းသွားသည်။ အစေ့အညှောင့်ပေါက်သည်နှင့် ရောဂါကျ ရောက်မှုကြောင့် ပျိုးပင်ပေါက်များခြောက်သွားကြသည်၊၊ ကာကွယ်နှိမ်နင်းနည်း အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။ - ကာဘင်ဒါဇင် (Carbendazim) - မန်ကိုဇက်ဘ် (Mancozeb)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မတ်ပဲခင်းရိတ်ခါနီးမှ အသီးမမှည့်သေးဘဲ အပင်တွေဖြူပြီး ခြောက်သွားတယ် ရိနေတာဘဲ အပင်စည်နဲ့အကိုင်းတွေပါဖြူပြီးခြောက်...
ဖြေကြားချက် 0 ခု
အပင်ခါးရိပြီးတဖြည်းဖြည်းနွမ်းပီးသေတယ် အဲဒါဘာဆေးသုံရမလဲပြောပေးပါအုံး
ဖြေကြားချက် 2 ခု
မတ်ပဲအပင်လေးတွေခါရိပြီးလည်လိန်နေတယ်ဆရာရိုးပြတ်အာက်မှာလည်းရအနည်းငယ်ရှိနေသးတယ်ပဲပင်ဆက်မသေအောင်ဘာဆေးဖျန်းရမလဲဆရာ...
ဖြေကြားချက် 1 ခု
မတ်ပဲအပင်ငယ်စဉ်မှာဖြစ်တဲ့မြစ်ခြောက်ဆွေးခါရိစတဲ့မှိုရောဂါတွေကိုနိုင်တဲ့ဆေးအေအိုင်အမည်များကိုသိပါရစေဆရာသုံးစွဲရ...
ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ ရက်သားရှိပါပြီ ဂုတ်ကျိူးပြီးသေလို့ မိူဆေးဖြန်းရင်ဘယ်အေအိုင်ကိုဖြန်းသင့်သလဲဆိုတာ ဖြေကြားပေးပါ ဆရာ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။