ဖြေကြားချက် ၄ ခု
ကုလားပဲ မျိုးစေ့များကို ပဲမြစ်ဖုမြေသြဇာ တစ်ထုပ်နှင့် သမအောင်ရောနယ်ပါ။ အပင်ပေါက်ကောင်းစေရန် ထွန်ကြောင်း အတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၃ လက်မ အတွင်း ချ၍ စိုက်ပျိုးပါ။ အပင်ငယ်စဉ် အတွင်း လှေး၊ ကျိုင်း၊ ပျ၊ ရွက်စားပိုး၊ မွှားပင့်ကူနီများ ကျရောက်တတ်သောကြောင့် ပင်လုံးပြန့် အာနိသင်ရှိသော တစ်မျိုးမျိုး ဖျန်းပါ။ ညှိုးသေရောဂါ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တမျိုးမျိုး ဖျန်းပါ။ ပေါင်းမြက် ကင်းစင်အောင် ၁၅ ရက်ခြားပြီး ၂ ကြိမ်ဆောင်ရွက်ပါ။ သီးနှံသက်တမ်း တလျှောက်တွင် ပင်ညှိး၊ မြစ်ခြောက်ဆွေး၊ ပင်ခြေပုပ်ရောဂါများ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တစ်မျိုးမျိုးကို (၁၅)ရက်ခြား ဖျန်းနိုင်သည်။ ရက် ၆၀နှင့် ၈၀ ဝန်းကျင်တွင် အသီးနှင့် အစေ့အဆံ တည်သော အချိန်ဖြစ်သောကြောင့် သီးလုံးဖောက်ပိုးကိုလည်း ဂရုစိုက်ရမည်။ ဤအချိန်တွင် အပင်သည် စိမ်းစိုပြီး ကျန်းမာနေရမည်။ အပင် အတွက် အာဟာရ လိုအပ်ချက်သည်လည်း အမြင့်ဆုံး ဖြစ်သည်။ အစိမ်းရောင်လမ်းရဲ့ ကုလားပဲစိုက်ပျိုးနည်း ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါတယ်။ မှိုသတ်ဆေးသုံးတဲ့နေရာမှာ အရင်ရာသီက ဘယ်မှိုရောဂါတွေကျရောက်လေ့ရှိတာလဲဆိုတဲ့အပေါ် မူတည်ပြီး သုံးစေချင်ပါတယ်။ မှိုရောဂါကင်းစင်ဖို့ စိုက်ပျိုးချိန်မှစပြီး သဘာဝတိုင်းကာကွယ်မှုတွေလုပ်စေချင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဘာဆေး သုံးရမလဲ ခဗျာ အကြံပြူပေးကြပါအုံး အမျှစ်တေ ပုတ်pအပင်တေ တအားသေနေလို့ ဘာဆေးသုံးသင့်လဲ ခဗျာ
ဖြေကြားချက် 3 ခု
ကုလားပဲပင်တွေက အသီးဝင်နေတုန်းကွက်သေနေလို့ဗျာ ဘာဆေးသုံးရမလဲမသိလို့ ဆေးအညွန်းလေးပြောပေးကြပါအုံး.....
ဖြေကြားချက် 1 ခု
ကုလားပဲပင်တွေသေနေတာ။မြစ်ပိုးစွဲတယ်လို့လဲပြောကြတယ်။ကုသကာကွယ်တဲ့ဆေးလည်းခုထိမတွေ့ကြ၇သေးပါ။ထိရောက်အောင်ကာကွယ်ကုသ...
ဖြေကြားချက် 6 ခု
ကုလားပဲအပင် သေတာဘယ်လိုကာကွယ်ရလဲသိချင်တာ
ဖြေကြားချက် 2 ခု
မှိုရောဂါအတွက် နောက်အပင်တွေကိုကာကွန်ကွယ်နိုင်အောင်ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 4 ခု