အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၅ နှစ် က · အိမ္မဲ

ဘာပေါင်မြက်လဲခမျှ စပါကျဲခင်မှာပေါက်နေလို့ဘယ်လိုပေါင်သတ်ဆေးသုံးရမလဲ

စိုက်ပျိုးနည်း စပါး စပါးပင်နှင့်ပေါင်းမြက်
Post image
Post image
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 6,743 လွန်ခဲ့သော ၅ နှစ် က

ကချေသည်မြက်ဟုယူဆရပါသည်။ ပုံမှာမသဲကွဲပါ၊ ၎င်းပေါင်းမြက်အမျိုးအစားသည် တိုက်ရိုက်အစေ့ချနှင့်ကြဲခင်းများတွင်လည်းပေါက်‌ရောက်တတ်ပါသည်။ အပင်အခြေတွင် စုပြုံ၍ ကိုင်းဖြာမှု အလွန်များတတ်ပါသည်။ ထောင်မတ်၍လည်း ပေါက်ရောက်တတ်ပါသည်။ ရေကြိုက်ပေါင်းဖြစ်၍ ရေလွှမ်းနေသည့်အခြေအနေနှင့် မြေစိုစွတ်နေချိန်များတွင် ပေါက်ရောက်တတ်ပါသည်။ အပင်အစောပိုင်းကာလတွင် ရေလွှမ်းထားခြင်းဖြင့် ပေါင်းပင်များအားရှင်းလင်းခြင်းနှင့် Fenoxaprop-p-ethyl အစရှိသော ပေါင်းသတ်ဆေးများအား အညွှန်းအတိုင်း ရွေးချယ်အသုံးပြုခြင်းတို့ဖြင့်လည်း နှိမ်နင်းနိုင်ပါသည်။ ပေါင်းသတ်ဆေးအမျိုးအစား အမျိုးမျိုးရှိရာတွင် အပင်မစိုက်မီ ဖျန်းသော ပေါင်းသတ်ဆေးပေါင်းမပေါက်မီ ဖျန်းသော ပေါင်းသတ်ဆေးနှင့် အပင်ပေါက်ပြီးမှ ဖျန်းသော ပေါင်းသတ်ဆေးစသည်ဖြင့်ရှိကြရာ အသုံးပြုရာတွင်လည်း ရွေးချယ် အာနိသင်ရှိသောပေါင်းသတ်ဆေးများကိုရွေးချယ်အသုံးပြုသင့်ပါသည်။ ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေးသည် ပေါင်းပင်သာမက စပါးပင်ကိုပါသေစေ နိုင်သောကြောင့် ဂရုပြု၍သုံးစွဲသင့်ပါသည်။

You

ဆက်စပ်မေးခွန်းများ

စပါးပေါင်းသတ်ဆေးလောင်ရင်ဘယ်လို ပြန်ပီးလုပ်ရမလဲ အကြံပြုပေးဘာအုံးဆရာတို့

ဖြေကြားချက် 2 ခု

ဆောင်းစပါး(၁၆)ရက်သားပါ။ဘယ်မျက်သီးသတ်ဆေးကိုသုံးပီးဘယ်လိုပေါင်းသတ်ဆေးကိုသုံးရမလဲညွန်ကြားပေးကြပါအုံးခင်ဗျာ

ဖြေကြားချက် 4 ခု

စပါးခင်းမှာပေါက်ရောက်တက်တဲ့ဒေါင်းမီးပျံ မြက်သီးစတဲ့ ပေါင်းမြက်တွေကို ရွေချယ်ဆေးတွေသုံးတဲ့နေရာမှာ အပင်ထိခိုက်...

ဖြေကြားချက် 3 ခု

မင်္ဂလာပါ ကျွန်တော်ကတော့ပဲခူးတိုင်းညောင်လေးပင်းကပါ မိုးစပါးစိုက်ချိန်ဆိုပေါင်းတေတအားများလို့ဆေးဖိုးကမတက်နိင်...

ဖြေကြားချက် 1 ခု

စပါးကြား လယ်ကန်စွန်း ဘယ်လိုနှိမ်ရမလဲ ဘာဆေးသုံးရမလဲ ခင်ဗျ သိတဲ့ ဆရာများ လမ်းပြပေးကြပါ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။