ဖြေကြားချက် ၁ ခု
ကွမ်းရိုးမဲမှာ ဖြစ်စဉ် ၂မျိုးရှိတတ်ပါတယ်။ တခုက Phythopthra ခေါ်တဲ့ မှိုမျိုးစိတ်ကြောင့်ဖြစ်ပြီး နောက်တခုက Xnthomophs ခေါ်တဲ့ bacteria ကြောင့်ဖြစ်တတ်ပါတယ်။ မေးခွန်းမေးတဲ့သူကတော့ ကွမ်းရိုးမဲကို ဘယ်လို ကုသရမလဲ မေးလိုက်ပေမယ့် ဖြေရမယ့် ကျွန်တော်က အသေးစိတ်ဖြေပေးရတဲ့အတွက် စာရှည်နေတာ နားလည်ပေးစေ့လိုပါတယ်။ကွမ်းရိုးမဲ ဖြစ်ရင် မနိုင်ဘူး ဆိုတဲ့ စကားဟာ မှန်လည်းမှန်တယ် ဆိုပေမယ့် တခါတရံမမှန်ပါဘူး။ တခါတရံမှာ တခြံလုံးပျက်စီးတတ်သလို တခါတရံမှာ ပြန်လည်ကောင်းမွန်တတ်လို့ပါ။ ဖြေရမှာက ၂ပိုင်းပေါ့။ အရင်ဆုံး Phythopthra ခေါ်တဲ့ မှိုမျိုးစိတ်ကြောင်းဖြစ်တာကို အရင် ပြောချင်ပါတယ်။ သူကြောင့် ဖြစ်လေ့ရှိတာ မျိုးပင်တည်းက ပါလာတတ်တတ်တာကြောင့် နဲ့ မြေဆောင်မှိုအဖြစ် တည်ရှိတတ်တာကြောင့်ဖြစ်တတ်ပါတယ်။ သူဖြစ်ခဲ့လျှင် မြေကြီးမှအပင် ထိပ်ဖျားထိ တဖြည်းဖြည်းပျက်စီးစေကာ အမြစ်ပိုင်း ပင်စည်အခြေတွေမှာ ပုပ်နေတာတွေ့ရတတ်ပါတယ်။ အမြစ်မှ အစပြုကာ အပင်ထိပ်ဖျားအထိ ရောက်တတ်ပါတယ်။ ရေစိုနာ အကွက်များဖြစ်ပေါ်ပြီး အပင်ခြေမှစတင် ညိုးသွားတတ်ပါတယ်။ တပတ်အတွင်း ကွမ်းခြံတခု၏ ၈၀-၉၀% အထိ ပျက်စီးစေနိုင်ပါတယ်။ အပင်အကြွင်းအကျန်များ မြေကြီးတွင်း နှစ်ရာသီကျော်အထိ ရှင်သန်ခိုအောင်းနိုင်ပါတယ်။ မိုးဦးရာသီ အပူချိန်မြင့်မားချိန်နှင့် မိုးစရွာချိန် မြေတွင်းအပူချိန်မြင့်ချိန် အဖြစ်များလေ့ရှိတယ်။ ကာကွယ် ကုသမှုအနေဖြင့် ဆစ်ပြုတ်ဖြစ်ပွားမှု မရှိသောခြံမှ မျိုးပိုင်းများကို သာစိုက်သင့်ပါတယ် ။နွားချေးကြက်ချေးကို အဆွေးခံပြီး သေချာဆွေးမြေ့မှာသာ အသုံးပြုသင့်ပြီး ဘူကာရှီ မြေဆွေး ထရိုင်ကိုဒါးမားမှို မြေတွင်း ထည့်သွင်းမွေးမြူပြီး ကာကွယ်နိုင်သလို စိုက်ခင်းသန့်ရှင်းရေးအဖြစ် အပင်အကြွင်းအကျန်များ ပေါင်းမြက်များ ခြံတွင်း ခြံပြင်မရှိရန် လိုအပ်ပါတယ်။ ရောဂါဖြစ်စ အပင်များကို အမြစ်မှ နှုတ်ယူဖျက်စီး ခြံပြင် လွှင့်ပစ်ရန် လိုအပ်ပါတယ် ။ဖြစ်နိုင်ပါက မီးရှို့ဖျက်စီးပေးပါ။ ကွမ်းခြံများအတွက် မဖြစ်မနေ ဘော်ဒို ဖျန်းခြင်း ဖော့စ်ဖောရစ် အက်ဆစ်ဖျန်းခြင်းသည် မှိုကြောင့်ဖြစ်တတ်သော ရိုးမဲ ရောဂါကို ကာကွယ်နိုင်ပါတယ်။ ဖော့စ်ဖောရစ်အက်ဆစ်ဟာ Phythopthora မှိုရောဂါကို ထိန်းသိမ်းနိုင်ပါတယ်။မြေသြဇာအလွန်အကျွံသုံးစွဲမှုကြောင့် ရောဂါတိုးစေပါတယ်။Propiconazole ,Strobilurin,Fosetyl-Al ဆေးများဖြင့် ကုသနိုင်ပါတယ်။ Bacteria ကြောင့် လည်း ရိုးမဲ ဆစ်ပြုတ်ဖြစ်တတ်ပါတယ်။ အပင်ထိပ်ဖျား အရွက်မှ စတင်ကာ အပင်အမြစ်ထိ တိုက်ခိုက်လေ့ရှိပြီး ခြံတွင်း အစိုဓာတ်များချိန်မှာ အဆိုးရွားဆုံး တိုက်ခိုက်ပါတယ်။ခြံတွင်း အမိုးအကာများဖွင့်ပြီး အသိုဓာတ်လျော့ကျအောင်လုပ်ပြီးကာကွယ်နိုင်သလို ခြံအပြင်ပတ်ပတ်လည် ရေထုတ်မြောင်းများထားပြီး အစိုဓာတ်လျော့ချကာကွယ်နိုင်ပါတယ်။ သွင်းရေကို စနစ်ကျရန်လိုအပ်ပါတယ်။ သွင်းရေကြောင့်လည်း တနေရာမှ တနေရာ ကူးဆက်စေပါတယ်။ ကော့ပါးဟိုက်ဒရောဆိုဒ် ဖျန်းခြင်း ဖြင့် ကာကွယ်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်မောက်ပင်စိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု
မာလကာပင်အရွက်တွေလည်းခြောက်တယ် အသီးတွေလည်းတအားပုတ်လို့ပါခင်ဗျ
ဖြေကြားချက် 1 ခု
အော်ဂဲနစ်စျေးတွင်အော်ဂဲနစ်ဖြစ် ကြောင်းမည်သို့စစ်ဆေးပြီးရောင်းချရပါလဲ
ဖြေကြားချက် 3 ခု
မြေဆီလွာ ကို အမြန်ဆုံး နဲ့ အထိရောက်ဆုံး အကျိုးပြုနိုင်တဲ့ သဘာဝမြေသြဇာ လုပ်နည်း သိပါရစေ ခင်ဗျ လေးစား...
ဖြေကြားချက် 1 ခု
ဂွေးချိုသီးပင်အသီးနည်းပြီးပျားတအားထိုးပြီးအသီးကြွေများနေတယ်။အသီးသေးပြီးအမြစ်ပိုးလိုက်နေတယ်။ဘာဆေးသုံးပြီးပျား...
ဖြေကြားချက် 0 ခု