အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
942
လွန်ခဲ့သော ၈ နှစ် က · ပျဉ်းမနား

နေပြည်တော် ပျဉ်းမနားမှာစိုက်လို့ရနိုင်ပါသလား၊ဘယ်လမှာစိုက်ပျိုးလို့ရနိုင်ပါသလည်း၊အထွက်နှုန်း ဘယ်လောက်ထိထွက်...

နေပြည်တော် ပျဉ်းမနားမှာစိုက်လို့ရနိုင်ပါသလား၊ဘယ်လမှာစိုက်ပျိုးလို့ရနိုင်ပါသလည်း၊အထွက်နှုန်း ဘယ်လောက်ထိထွက်နိုင်ပါသလည် မျိုးစေ့နံပါတ် ဘယ်မျိုးကိုစိုက်သင့်ပါသလည်း

Post image

ဖြေကြားချက် ၂ ခု

942 လွန်ခဲ့သော ၇ နှစ် က

Jun လလယ်မှ July လလယ်အထိY-11မျိုး နေပြည်တော်ရှိယာမြေပေါ်မှာစိုက်ပျိုးဖြစ်ထွန်အောင်မြင်ပါတယ်

လွန်ခဲ့သော ၈ နှစ် က

ပဲပုပ်က၂၆နှင့်၃၂ ဒီဂရီ စင်တီဂရိတ်သည် အပင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပြီး ၂၀ ဒီဂရီ စင်တီဂရိတ်အောက်နှင့် ၄၀ ဒီဂရီ စင်တီဂရိတ် အထက် အပူချိန်များသည် အပင်ဖြစ်ထွန်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ မြေကြီး အပူချိန်သည် ၁၆ ဒီဂရီ စင်တီဂရိတ်တွင် အညှောင့်ပေါက်ရန် အကောင်းဆုံးဖြစ်ပြီး သန်စွမ်းသော အပင်ပေါက်များကိုရရှိနိုင်ပါတယ်။ အအေးဓာတ် ကိုပိုကြိုက်ပါတယ်။ ဆောင်းတွင်းဘက်မှာပဲ စိုက်ဖို့ပိုသင့်တော်ပါတယ်။ လယ်မြေပေါ်တွင် စပါးရိတ်သိမ်းပြီးနောက် ပဲပုပ်သီးနှံကို လက်ကျန် အစိုဓာတ်ဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။