ဖြေကြားချက် ၄ ခု
ဆရာဦးဘဟိန်းရဲ့စပါးအထွက်တိုးရေးနည်းပညာစာအုပ်ကိုမှီငြမ်းပြီးတင်ပြလိုက်ပါတယ်..သက်တမ်း ၁၁၀..၁၁၅ရက်စပါးအတွက် ပုလဲကို ပထမအကြိမ်အဖြစ် ကောက်ပင်လှန်ချိန် (၃၄ရက်မှရက်၄၀အတွင်း) တစ်အိတ်ရဲ့ ၃ချိုး၁ချိုး။ဒုတိယအကြိမ်အဖြစ် အလံရွက်ထွက်စအချိန် ၆၂ရက်သားဝန်းကျင်မှာ ၃ချိုး၁ချိုး။တတိယအကြိမ်အဖြစ် အနှံမထွက်မှီ ၅ ရက်အလို ၇၅က်သားဝန်းကျင်မှာ ၃ချိုး၁ချိုး...၃ကြိမ်ခွဲပြီးကျွေးသင့်ပါတယ်။တီဆူပါကပြိုကွဲရန်ကြာတတ်တာမို့ နောက်ဆုံးသမန်းပြင်ချိန်မှာအပြီးကျွေးထားရပါမယ်..အိတ်ဝက်ဆိုရင်လုံလောက်ပါတယ်။ပိုတက်ရှ်ကို ပထမအကြိမ်အဖြစ် နောက်ဆုံးသမန်းပြင်ချိန်မှာတစ်စိပ်။ဒုတိယအကြိမ်အဖြစ်အနှံလောင်းဖြစ်တည်ချိန် ၄၈ရက်..၅၂ရက်ဝန်းကျင်မှာတစ်စိပ် (စုစုပေါင်း အိတ်ဝက်) ကျွေးသင့်ပါတယ်။
ဆက်စပ်မေးခွန်းများ
အပင်ဝါတယ် အပင်မတက်ဘူး
ဖြေကြားချက် 1 ခု
စပါးပင်တေ ကအရွက်တေဝါနေလို့ ဘာဆေးဖျန်းရမလဲ အကြံပြုပါအုံး
ဖြေကြားချက် 1 ခု
ရက်90စပါးနဲ့ သီးထပ်ရင်လုံးပုစပါးတွေကစပါးပင်သက်တမ်းဘယ်ရက်သားလောက်မှနောက်ဆုံးအကြိမ်ပုလဲကျွေးသင့်ပါသလဲခင်ဗျာပုလဲက...
ဖြေကြားချက် 3 ခု
မဂ်လာပါဗျာ စပါးစိုက်ခင်းကို မြေဩဇာ ကျွေးခြင်းနှင့် ပက်သက်ပြီး ဘယ်မှာ လေ့လာလို့ ရပါသလဲဗျာ။ greenwayမှာ ရှာလို့...
ဖြေကြားချက် 2 ခု
၁၅ ပတ်လည် မြေသြဇာ စပါးတစ်လသားသုံးရင် အဆင်ပြေပါ့မလား ဆရာတို့
ဖြေကြားချက် 1 ခု