ဖြေကြားချက် ၅ ခု
ကျေးဇူးပါ
မှတ်သားစရာကောငမးပါတယ်တင်ပေးပါအုံကျေးဇူတငမပါတယ်ဗျ
ထုံးမထည့်ပေးမီမြေဆီလွှာ၏ ချဉ်ငံကိန်းကို စစ်ဆေးသင့်ပါတယ်။ ဒါမှ ထုံးပမာဏကိုသေချာစွာ တွက်ချက်ထည့် သွင်းပေးနိုင်မည်ဖြစ်ပြီး ထုံးပို၍ ထည့်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများကို တားဆီးနိုင်မှာပါ။ နောက်တခုက မြေမှာသဘာဝအလျောက်ပေါက်သောအပင် -ဥပမာ- ရေညှိပင်ပေါက်တာတို့ နွားဝမ်းဗိုက်ကျွံမြေဖြစ်တာတို့ဆို မြေချဉ်တယ်။ မြေကြမ်းလာတယ်၊ဆားပေါက်ဆပ်ပြာပေါက်တယ်ဆိုရင် မြေငန်တယ်အစရှိတဲ့အခြေခံအချက်လေးတွေကိုလေ့လာပြီးမှ ဘာထည့်မလဲဆိုတာစဉ်းစားသင့်ပါတယ်။ မြေအမျိုးအစားပေါ် မူတည်၍ ထည့်သွင်းမည့် ထုံးပမာဏကို ခန့်မှန်းနိုင်သည်။ သဲသမမြေများတွင် တစ်ဧကတွင် ၁၅၀ မှ ၃၀၀ ပိဿာ ထည့်ပေးရမည်။ မြေစေးများတွင် ပိဿာ ၃၀၀ မှ ၅၀၀ ထိ ထည့်ပေးရန်လိုအပ်
မြေနမူနာယူနည်း။ မြေ နမူနာယူမယ်ဆိုရင် ပေါက်ပြားနဲ့ ဂေါ်ပြား အိတ်တလုံး လိုပါလိမ့်မယ်။ ပေါက်ပြားနဲ့ မြေနမူနာယူမယ့်နေရာ ရှင်းပြီး ဗွီ(V) ပုံ မြေကိုပေါက်ထုတ်ပြီး မြေအလယ်သားကို ဖယ်ရပါလိမ့်မယ်။ ပြီးရင် ဂေါ်ပြားနဲ့ V ပုံ ကျင်းနောက်ကနေ ကိတ်မုန့်လှီးသလို လှီးချရပါမယ်။ အဲဒီမျက်နှာ၂ခုကမြေကို သမစွာမွှေပြီး အိတ်ထဲ ထည့်ရပါလိမ့်မယ်။ ထိုနည်းအတွင်း နေရာပေါင်းစုံမှ မြေကို ထိုအိတ်ထဲမှ စုထည့်ပြီး မိုးကာပေါ် တလင်းပေါ်မှာ သမအောင် ကြိမ်ဖန်များစွာ မွှေပြီး မြေချဉ်ငံကိန်းကို တိုင်းနိုင်ပါတယ်။ တစ်ဧကကို အနည်းဆုံး နေရာ၂၀ကနေမြေနမူနာယူဖို့တော့လိုအပ်ပါတယ်။ pHနည်းရင်ထုံးထည့်၊ များရင်ဂျစ်ဆန်မှုန့်သုံးပါ။ ထုံးသုံးရင်တော့ မိမိမြေအခြေအနေပေါ်မူတည်ပြီးချိန်ဆထည့်သင့်ပါတယ်။
မြေချဉ်လားငန်လား မသိပဲနဲ့တော့ထုံးကိုအရမ်းမထည့်ပါနဲ့လို့အကြံပေးပါရစေ။ ဒီတော့ ကို့ရဲ့မြေချဉ်လားငံလားသိအောင် အလွယ်စမ်းသပ်နည်းကိုဖော်ပြလိုက်ပါတယ်။ အတိအကျကြီးမဟုတ်ဘူးဆိုရင်တော့ အနီးစပ်ဆုံးဖော်ပြပေးနိုင်တဲ့နည်းလေးပါ။ ချဉ်နေလား၊ ငံနေလား သိဖို့ ရှာလကာရည် နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ဆီ လိုအပ်ပြီး ဖန်ခွက် ၂လုံးရှိရပါလိမ့်မယ်။ ရေသန့် တဘူး အပါအဝင်ပေါ့ဗျာ။ မြေကြီး တခွက်စာကို ဖန်ခွက်ထဲထည့် ရှာလကာရည် ခွက်တဝက်ကိုထည့် ရောပြီး ဇွန်းနဲ့မွှေရန် လိုအပ်ပါတယ်။ အမြုပ် တစီစီထွက်လာရင် ပီအိပ်ခ်ျ ၇-၈(pH 7-8) ကြားရှိတယ်လို့ အဖြေရပါတယ်။ အမြုပ်မထွက်ဘူးဆိုလျှင် မိမိယူလာတဲ့မြေတခွက်ကို တခြားဖန်ခွက်ထဲမှာ မြေကြီးတခွက်၊ ဆိုဒါ ခွက်တဝက် ရေသန့်ထည့်ပြီး မွှေလိုက်ပါ။ အမြုပ် တစီစီထွက်လာရင် ပီအိပ်ချ် ၅-၆ (pH 5-6) လို့ ယူဆတဲ့ အဖြေထွက်ပြီပေါ့ဗျာ။ စမ်းသပ်မှု ၂ခုလုံးမှာ ချဉ်ငံကိန်း ၇ (pH 7) ရတဲ့ မြေအုပ်စုကတော့ အလွန်ရှားပါလိမ့်မယ်။ မြေတခု စမ်းတိုင်းမှာ ဖန်ခွက် ၂လုံး၊ တလုံးက ရှာလကာရည် တလုံးက မုန့်ဖုတ်ဆော်ဒါ ရေဖျော်ပြီး တပြိုင်တည်း ယှဉ်စမ်းခြင်းက သိသာထင်ရှားစေပါတယ်။ ချိန်ခွက်ဆိုတာက နို့ဆီခွက် စသဖြင့် ပမာဏတခု တိုင်းတာရန် အတွက်ဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ph / n.p.k တိုင်းတာတဲ့ကရိယာ လိုချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
ဖြေကြားချက် 1 ခု
တစ်ခုလောက်မေးခွင့်ပြုပါခင်ဗျာ ကျွန်တော့လယ်တွေကpH 4.5-5လောက်ပဲရှိပါတယ် ဗျအဲတာ မြေချဉ်တာလားဗျ ထုံးထည့်ရမလားဂျစ်ပ...
ဖြေကြားချက် 1 ခု
မြေချဉ်သော နေရာဒေသတွေမှာ အငံဓာတ်ထည့်ပေးဖို့ ဘယ်လိုမြေသြဇာကို အသုံးပြုရမလဲဗျ။
ဖြေကြားချက် 1 ခု
မိုးစပါးကျ ဲတာ ၂ နှစ်ရှိပါပြီဒေသအခေါ ်သမန်းဝဲစားတယ် ပြောတယ်မျ ို းညှောင့်တေကျဲထားတဲ့လယ်ကန့်တိုင်းသေကုန်တာရေ...
ဖြေကြားချက် 2 ခု
မြေအချ ဉ်ပေါက်လို့ဒေသအခေါ ်သမန်းဝဲစားတဲ့လယ်ထုံးထည့်ရမည်ပြောတယ်ဘယ်လောက်ထည့်ရမလဲသိချင်ပါတယ်မိုးစပါးရေမြု ပ်ကြဲ...
ဖြေကြားချက် 2 ခု