ဖြေကြားချက် ၂ ခု
ကျနော် ဖတ်ထားတဲ့ အတိုင်း လိုက်စိုက်တာလေးကို မျှဝေချင်ပါတယ်ခင်ဗျ။ စိုက်ပျိုးထားတုန်းပါ။ အသီးမသီးသေးပါဘူး။ ၁. ကျင်းတူးပါ။ အကျယ် ၁ ပေ ပတ်လည်။ အနက် ၁ ပေ ခွဲ။ ၂. တူးထားသော ကျင်းထဲတွင် သစ်ရွက်ခြောက်များ အပြည့်ဖြည့်ပြီး မီးရှို့ပါ။ ၃. ကျင်း အပြည့် ရေဖြည့်ပြီး တစ်ည သိပ်ထားပါ။ ၄. ထုံး မှုန့် ၅၀ သား ထည့်ပါ။ ၅. နွားချေး နှင့် မြေဆွေး ဆတူရောနှောထားတာလေးကို ကျင်းအပြည့် ဖြည့်ပါ။ ၆. ပျိုးထားသော သဘေင်္ာပင်လေး စိုက်ပျိုးပြီး ရေးလောင်း နိုင်ပါပြီ။ ထုံးမှုန့် ထည့်ထားသောကြောင့် အသီးရဲ့အသားသည် လိမော်ရဲရဲ အရောင်လေး ထွက်သည်ဟု ဖတ်ယူရပါသည်။ မှားတာရှိရင်လည်း ပညာရှင်များ ပြင်ပေးထောက်ပြဝေဖန် သင်ပေးပါခင်ဗျာ. ကျေးဇူးတင်ပါသည်.
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်စိုက်ချင်လို့ပါ။ နည်းပညာလေ့လာချင်ပါတယ်။
ဖြေကြားချက် 1 ခု
ရွှေစိုက်တာ၇၈ရှိသွားပြီရေဖြန်းတဲ့နည်းပညါလေးသိရင်ဖြေပေးပါ
ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲးဗျ လမ်းညွှန်ပေးပညအုံး
ဖြေကြားချက် 0 ခု
ဇျေးကွက်အခြေအနေ ကောင်းနိုင်လား ။ လုပ်ခတေနဲ့ မကိုက်ပါဘူးလေ ခုလိုဇျေးကျနေအုန်းမယ်လား။
ဖြေကြားချက် 1 ခု
ကံ့ကော်ပင်စိုက်ပျိုးနည်းလေးအကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု