အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,615
လွန်ခဲ့သော ၅ နှစ် က · ပဲခူး

ဟင်းသီးဟင်းရွက်တွေကို စီးပွားဖြစ်စိုက်ပျိုးတဲ့အခါ ဘယ်အမျိုးအစားစိုက်မလဲဆိုတာကို ရာသီစာဟုတ်မဟုတ်အပြင်၊ စျေးကွက်...

ဟင်းသီးဟင်းရွက်တွေကို စီးပွားဖြစ်စိုက်ပျိုးတဲ့အခါ ဘယ်အမျိုးအစားစိုက်မလဲဆိုတာကို ရာသီစာဟုတ်မဟုတ်အပြင်၊ စျေးကွက်အခြေအနေကိုရော လေ့လာဖို့ လိုအပ်သလား။ လိုအပ်တယ်ဆိုရင် စျေးကွက်ကို ဘယ်လိုမျိုး လေ့လာသုံးသပ်သင့်ပါသလဲ။ အဲ့တာနဲ့ပတ်သက်ပြီး မေးလို့ရမဲ့နေရာ၊ လေ့လာလို့ရမဲ့ဆောင်းပါး၊ အကြံဉာဏ်နဲ့ ထင်မြင်ချက်တွေ ပေးပေးစေလိုပါတယ်။

စိုက်ပျိုး ဗဟုသုတ မှို (ကောက်ရိုးမှို)
2

ဖြေကြားချက် ၂ ခု

2,615 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၅ နှစ် က

ဟင်းသီးဟင်းရွက်က ကြာရှည်ထားလို့မရတဲ့ သီးနှံဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်က တော်တော်အရေးပါပါတယ်။ ဈေးကွက်နဲ့ စိုက်ပျိုးသူဦးရေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဥပမာ ခရမ်းချဉ်ဈေးကောင်းတယ်ဆိုပေမယ့် လူများကြီးပြုံစိုက်ရင်တော့ ဈေးက ထိုးကျသွားမှာပါ။ ဈေးကောင်းရချင်ရင်တော့ သူများစိုက်တာနည်းတဲ့အချိန်မှာ စိုက်နိုင်အောင်ကြိုးစားတာက အကောင်းဆုံးပါ။ ဥပမာ ရန်ကုန်ဈေးကွက်ဆို မိုးတွင်းမှာ ကြက်သွန်မြိတ်လိုမျိုး၊ နံနံလိုမျိုးက ဈေးကောင်းပါတယ်။ အခုကာလကတော့ ရန်ကုန်နေထိုင်သူအတွက် အစအစအရာရာကတော့ ဈေးကြီးပါတယ်။ ဈေးကွက်လေ့လာတာကတော့ အကောင်းဆုံးက နှစ်ပတ်လည် ရောင်းချနေသူတွေနဲ့စကားပြောကြည့်တာ အကောင်းဆုံးပါ။ ဒါက ကျွန်တော်တို့ စီမံကိန်းတွေ လုပ်ရင်လည်း ဒီနည်းပဲ သုံးရပါတယ်။ နောက် အစိမ်းရောင်လမ်းမှာလည်း ရက်စွဲအလိုက် အရင်နှစ်တွေက ဈေးနှုန်းတွေကို ပြန်ကြည့်လို့ရပါတယ်။ ဈေးကွက်ကြီးကြီးကို မှန်းရင်တော့ ရန်ကုန်ဈေးကွက်က သင့်တော်ပါတယ်။ နောက်ဟင်းသီးဟင်းရွက်ကို တိုက်ရိုက်ရောင်းချနေတဲ့ ကုမ္ပဏီမျိုးတွေနဲ့ ချိတ်ဆက်စကားပြောကြည့်ပါ။ ရန်ကုန်မှာဆို Farm Shop နဲ့ ဈေးခြင်း ၂ ခုရှိပါတယ်။​သူတို့နဲ့ မေးမြန်းဆက်သွယ်စေလိုပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။