ေတာင်သူပညာေပးအကျိုးြပုapkအေနနဲ့green wayအပြင်တခြားအပလီေကးရှင်းများဘယ်နခုရှိပါသလဲရှိရင်ေပြာပြပါ
ပုံစံတွေတော့မတူကြပါဘူး။ ခုနောက်ပိုင်း ဆေးကုမ္ပဏီကြီးတွေကနေ သို့မဟုတ် သူတို့ကနေ ထောက်ပံ့ပြီး လုပ်လာကြတဲ့ apk တွေ အများကြီးရှိပါတယ်။ Play Store မှာ စိုက်ပျိုးရေး ဆိုပြီး ရိုက်ရှာလိုက်ရင် အများကြီးကျလာမှာပါ။ စိုက်ပျိုးရေးဌာနကထုတ်တဲ့ apk ငါးခုလောက်လည်း ရှိပါတယ်။ https://play.google.com/store/search?q=%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8 အစိမ်းရောင်လမ်း ကတော့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်း ၂ ဦးက ဦးဆောင်တည်ထောင်ထားပြီး ဘယ်သူမဆို လွတ်လပ်စွာပါဝင်လို့ရတဲ့ ပလပ်ဖောင်းအနေနဲ့ လုပ်ဆောင်ထားတာဖြစ်ပါတယ်။ အစိမ်းရောင်းလမ်ပေါ်မှာ တောင်သူ၊ ပညာရှင် (စိုက်/ မွေး)၊ စိုက်ပျိုးရေးဆိုင်၊ ကုန်သည်/ပွဲရုံ၊ ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။ ဆိုင်တွေကလည်း ရောင်းလိုတဲ့ပစ္စည်း လွတ်လပ်စွာရောင်းနိုင်သလို ကုမ္ပဏီတွေကလည်း ဒီအပေါ်မှာ လာရောက်ပြီး ပစ္စည်းတွေ ပြသနိင်ပါတယ်။ နောက်ပိုင်းလည်း အကျိုးတူကုမ္ပဏီတွေပါ သုံးလို့ရမယ့် လုပ်ဆောင်ချက်တွေလည်း လာတော့မှာပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
GW 11အထူးထွက်တိုးစပ်မျိုးစပါးကအသက်ရက်ဘယ်နှစ်မျိုးလောက်ရှိလဲဗျသိတဲ့လူရှိရင်အလင်းပြပါ
ဖြေကြားချက် 6 ခု
ရွှေခရုကိုဘယ်လို့နိမ်နှင်းရမလဲအလင်ပြပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု
ကျွန်တော်နွေစပါး စိုက်ပျိုးတဲ့တောင်သူတစ်ဦးပါ ကျွန်တော် မာလာမွှေး စပါးစိုက်ပါတယ် မာလာမွှေးစပါး က ဝိတ်ချိန်စီး...
ဖြေကြားချက် 1 ခု
မဂ်လာပါဗျာ စပါးစိုက်ခင်းကို မြေဩဇာ ကျွေးခြင်းနှင့် ပက်သက်ပြီး ဘယ်မှာ လေ့လာလို့ ရပါသလဲဗျာ။ greenwayမှာ ရှာလို့...
ဖြေကြားချက် 2 ခု
၁၅ ပတ်လည် မြေသြဇာ စပါးတစ်လသားသုံးရင် အဆင်ပြေပါ့မလား ဆရာတို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။