အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · မကွေး

နွားသိုးတစ်ကောင်အတွက်တစ်နေ့တာလိုအပ်သော PROTEIN(ပရိုတိန်း)နှင့်CALORIES(ကယ်လိုရီ)MJMEတို့ကိုတွက်ချက်ပုံရှင်း...

နွားသိုးတစ်ကောင်အတွက်တစ်နေ့တာလိုအပ်သော PROTEIN(ပရိုတိန်း)နှင့်CALORIES(ကယ်လိုရီ)MJMEတို့ကိုတွက်ချက်ပုံရှင်းလင်းတင်ပြပေးပါခမျ။ နွားသိုးတစ်ကောင်အတွက်တစ်နေ့တာလိုအပ်တဲ့အသားဓာတ်ပမာဏ(%)ရာခိုင်နှုန်းကဘယ်လောက်ပါလဲခမျ။ ဥပမာ-8လသားနို့ဖြတ်ပြီးနွားသိုးတစ်ကောင်အတွက်ပါခမျ။အစာကြမ်းကနေပီယာကျွေးပါမယ်။အစာနုကဖွဲနုပါခမျ။တွက်ချက်နည်းပြပေးပါ။

အာဟာရဗေဒ နွား
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

MJME ဆိုတာ ယူနစ်အသုံးအနှုန်းတစ်ခုပါ။ # အစာတစ်ခုတွင် ပါဝင်သောစွမ်းအင်ကို Megajoules (MJ) ဖြင့်ဖော်ပြပါတယ်။ # တိရစ္ဆာန်သည် အစာမှာပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် ခန္တာကိုယ်မှ အမှန်တကယ်ရရှိသွားတဲ့ စွမ်းအင်ပမာဏ Metabolisable Energy (ME) ကိုတိုင်းတာဖို့လိုအပ်ပါတယ်။ # ဒါကြောင့် ခန္တာကိုယ်အတွက်အမှန်တကယ်ရရှိအသုံးချနိုင်မယ့်စွမ်းအင်ပမာဏကိုတိုင်းတာပြီး ယူနစ်အဖြစ် MJME လို့သတ်မှတ်ပါတယ်။ #ဥပမာ - အစာတစ်ခုစားလိုက်တယ်။ အဲ့အစာကို ခန္တာကိုယ်ဇီဝကမ္မဖြစ်စဉ်အရ အစာချေဖျက်လိုက်တဲ့အခါ သုံးနိုင်တာကိုသုံး ပြောင်းလဲယူနိုင်တာတွေယူပြီးရင် မရနိုင်တဲ့ အသုံးမချနိုင်တဲ့အပိုင်းတွေကို စွန့်ထုတ်လိုက်ပါတယ်။ ဒါကြောင့် ဘယ်အစာကတော့ဖြင့် ကျွေးလိုက်ရင် ခန္တာကိုယ်က အမှန်တကယ်အသုံးပြုနိုင်တဲ့ စွမ်းအင် ဘယ်လောက်ပါလဲသိဖို့လိုအပ်ပါတယ်။ ို့ နွားမှာဆိုရင် အစာစားလို့ရလာတဲ့ စွမ်းအင်ကို ပုံပါအချက်တွေအတွက်အသုံးချရပါတယ်။ ဘယ်အချက်အတွက်ဆို စွမ်းအင်ဘယ်လောက်လိုအပ်တယ်ဆိုတာရှိပါတယ်။ ဒါကိုပဲ MJME နဲ့ဖော်ပြတာပါ။ #ဥပမာ- ခန္ဓာကိုယ် အလေးချိန် 300 kg (၁၈၃ ပိဿာ) ရှိတဲ့နွားဟာ တစ်နေ့တာအတွက်# # ခန္တာကိုယ်အသက်ရှင်လုပ်ရှားရန် -အမှန်တကယ်ရရှိမည့် စွမ်းအင် 40 MJME # နွားနို့ ၅ ပိဿာ ထုတ်ပေးနေရင် - ၁ပိဿာထုတ်တိုင်း- 8.3 MJME, ၅ ပိဿာဆိုတော့ 8.3×5= 41.5 MJME # အဲ့နွားမက ကလေးမွေးဖို့ ၁၂ ပတ် (၃လ) လိုသေးချိန်ဆို - 13 MJME လိုအပ်ပါတယ်။ ဒီလိုအခြေအနေရှိတဲ့နွားမအတွက် စုစုပေါင်းစွမ်းအင်လိုအပ်ချက်က- 40+ 41.5+ 13 = 94.5 MJME လိုအပ်ပါတယ်။ MDEP ရဲ့အဖြေကို ပြန်ဖြေပေးခြင်းသာဖြစ်ပါတယ်။ မွေးမြူရေးပညာရှင်တွေ ပါဝင်ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။