ပြောင်းစိုက်ပျိုးနည်းကို ကြည့်တဲ့အခါမှာ စိုက်ပျိုးကာစမှာ ယူရီးယားပါတဲ့ မြေသြဇာကို ထည့်ခိုင်းတာတွေ့ပါတယ်၊ ကျ...
ပြောင်းစိုက်ပျိုးနည်းကို ကြည့်တဲ့အခါမှာ စိုက်ပျိုးကာစမှာ ယူရီးယားပါတဲ့ မြေသြဇာကို ထည့်ခိုင်းတာတွေ့ပါတယ်၊ ကျနော်တို့ဘက်က ပြောင်းစိုက်တာမှာလည်း ယူရီးယားကို မြေခံအဖြစ် ထည့်သွင်းကြပါတယ်၊ ပြောင်းက ၁၅ ရက်သားလောက်မှာမှ အမြစ်ကနေ အာဟာရတွေ စုပ်ယူစားသုံးတယ်လို့လဲ ဆိုထားပြန်ပါတယ်၊ သိချင်တာက မြေခံအဖြစ် ထည့်သွင်းလိုက်တဲ့ ယူရီးယားဟာ ပြောင်းပင် အရွယ်မရောက်ခင်မှာပဲ ဆုံးရှုံးသွားပြီ မဟုတ်ပါလားခင်ဗျာ၊ သို့မဟုတ် ယူရီးယားသည် မြေမှာ ပျော်ဝင်တည်ရှိနေပြီတော့ ပြောင်း ပင်က စားသုံးလို့ ရနေပါလား၊ ၁၅ - ၂၀ ရက်ကျတော့လည်း မြေသြဇာထပ်ကျွေးရပြန်တော့ မြေခံအဖြစ် ထည့်သွင်းလိုက်တဲ့ ယူရီးယားဟာ အလဟဿဖြစ်သွားတယ် မဟုတ်ပါလားခင်ဗျာ၊ အဲဒါလေးကို သေသေချာချာ နားလည်ချင်လို့ ဖြေပေးစေချင်ပါတယ်ခင်ဗျာ။