ရွှေသွယ်ဆန်မျိူးတွေကို အကြာကြီးသိုလှောင်ထားချင်လို့ပါ အကြာကြီးသိုလှောင်ထားမယ်ဆိုရင် ဘယ်လိုပြသနာမျိူး ဖြစ်ပေါ်နိုင်သလဲ နောက်ပြီး သိုလှောင်ပုံနည်းလမ်းလေးလည်း သိချင်ပါတယ်ရှင့် ဆန်တွေက အိတ်အလိုက်ပါ
မျိုးစေ့တွေကို အကြာကြီး သိုလှောင်မယ်ဆိုရင် သိထားဖို့လိုတာက ခြောက်သွေ့တဲ့နေရာမှာ လေလုံအောင် ပိတ်ထားနိုင်ဖို့ပါ။ စပါးမျိုးစေ့တွေကို လေလုံအောင် ထားနိုင်မယ်ဆိုရင် • လေလုံတဲ့အတွက် အောက်ဆီဂျင်ကို ဖယ်ရှားပြီးသားဖြစ်တယ်။ • အောက်ဆီဂျင်မရှိတော့တဲ့အတွက် သိုလှောင်ချိန်မှာ ကျတဲ့ပိုးတွေ အသက်ရှင်နိုင်စွမ်းမရှိတော့ပါ။ ဓာတုဆေးသုံးဖို့မလိုအပ်တော့ပါ။ • အောက်ဆီဂျင်မရှိတော့တဲ့အတွက်ကြောင့် စပါးပင်ရဲ့ ရှင်သန်နိုင်စွမ်းက ပိုပြီး ကောင်းလာပါတယ်။ အပေါက်နှုန်းလည်း ကောင်းစေပါတယ်။ သိုလှောင်ချိန်မှာ သုံးတဲ့ အိတ်တွေ အများကြီးရှိပါတယ်။ ဒီမှာလည်း ကုမ္ပဏီတွေက မိတ်ဆက်ပေးနေကြပါတယ်။ ပုံမှာပြထားတာကတော့ Cocoon storage container လို့ ခေါ်ပါတယ်။ အများကြီး သိုလှောင်ဖို့အတွက် သုံးပါတယ်။ နှစ်ရှည်သုံးလို့ရပါတယ်။ တစ်အိတ်ချင်းဆီအတွက်ဆို Superbag ရှိပါတယ်။
ဆက်စပ်မေးခွန်းများ
စပါးနေလှန်းရင်တင်းလျော့လားဗျဘယ်လောက်လျော့နိုင်လည်း
ဖြေကြားချက် 2 ခု
ရိတ်သိမ်းပီသား ကျန်ခဲ့တယ်ကောက်ရိုးနှင့်ရိုးဖျက်ကိုဆွေးမြည်းအောင်ပတ်ဖျန်းတယ်ဆေးသိကျလားဗျာ
ဖြေကြားချက် 5 ခု
စပါးသိုလှောင်ရာတွင်ဆုံးရှုံးမျုများ
ဖြေကြားချက် 3 ခု
မျိုးစေ့အရေအသွေးကောင်းအောင် လုပ်ဆောင်မည့်နည်းလမ်းလေးများသိချင်ပါတယ်
ဖြေကြားချက် 1 ခု
စပါးပံုအောက်ပိုင်းရေထိထားလို့ စပါးဘာတွေနောက်ဆက်တွဲြဖစ်နိုင်လဲ စပါးကြိတ်ရောင်းရင်
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။