အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

1,167 လွန်ခဲ့သော ၅ နှစ် က

hi

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

မြေပဲဥချဆေးထက် သိသင့်တာလေးတွေ အရင်ပြောချင်ပါတယ်ဗျ။ မြေပဲက ပန်းပွင့်ပြီး ဝတ်မှုန်ကူးမယ်။​ပြီးရင် အပွင့်ကညိုးလာပြီး စွယ်က မြေကြီးထဲ ဝင်ဖို့ကြိုးစားမယ်။​ ဆိုတော့ စွယ်တိုင်းက အတောင့်ဖြစ်မလား ဆိုတဲ့ မေးခွန်းရှိပါတယ်။ မဖြစ်နိုင်ပါဘူး။ မြေကြီးထဲကို မတိုးနိုင်တဲ့ဆွယ်က အတောင့်မဖြစ်တော့ပါဘူး။ တိုးနိုင်တိုင်းလည်း မဖြစ်တာတွေရှိပါသေးတယ်။ အပူချိန် အနိမ့်အမြင့်ကြောင့်လည်း အတောင့်မဖြစ်တာ၊ ညှက်တာ၊ မအောင်တာ ဖြစ်နိုင်ပါသေးတယ်။ မြေကြီးက မွနေမလား မာနေလားဆိုတဲ့အပေါ်မှာမူတည်ပြီးလည်း အတောင့်ကြီးထွားမှုက မူတည်ပါသေးတယ်။ နောက် အဟာရကလည်း မူတည်ပါတည်။​ နောက် ပေါင်းပြဿနာလည်း ရှိပါတယ်။ ဒါကြောင့် မြေပဲ ပန်းမပွင့်ခင် ၁ လတွင်မှာ ပြောင်းလိုက်ရင်း ပေါက်တူးဝင်ပေးဖို့လိုပါတယ်။ ပေါင်းလည်း သေ၊ မြေကြီးလည်းမွှ၊ မြေကြီးတွင်းက အပူချိန်ကိုလည်း လျော့ပေးပြီးဖြစ်ပါတယ်။​ပန်းပွင့်ချိန်မှာတော့ ပေါင်းရှိနေရင် လက်ပေါင်းပဲ ကောင်းပါတယ်။ ပေါက်တူးထိမိရင် အပွင့်ကန်းတာတွေ ဖြစ်နိုင်ပါတယ်။​ မြေပဲသီးနှံ အောင်မြင်ဖို့အတွက် အရေးကြီးတာ ကျောက်မှုန့်ပါ။​ မြေခံမှာလည်း ထည့်ကြသလို ပန်းပွင့်ခါနီး ပေါက်တူးဝင်ရင်းနဲ့ ကျောက်မှုန့် အိတ်ဝက်ထည့်ပြီး ဘောင်လုံးပေးပါ။ ပန်းပွင့်တဲ့အချိန်မှာတော့ ပုလဲလက်ချား ဖြန်းပေးပါ။ လက်ချားက ပန်းပွင့်ရာမှာ ဝတ်မှုန်ကူးတာအောင်အောင် လုပ်ပေးနိုင်တဲ့ ဘိုရွန်ဓာတ်ပါပါတယ်။ ဝတ်မှုန်အောင်ပြီး ဆွယ်ချရာမှာ အောင်မြင်ဖို့က အောက်ခံမြေကြီးနဲ့ အစိုဓာတ်က အရေးကြီးပါတယ်။ ဆေးတစ်မျိုးတည်းမဟုတ်ဘူး ကျန်တဲ့အပိုင်းတွေပါ ဂရုစိုက်ပေးနိုင်ဖို့ လိုပါတယ်ဗျ။ မြေပဲသီးနှံစိုက်ပျိုးနည်း ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။