ဖြေကြားချက် ၃ ခု
အသီးပုပ်ကို ခွဲကြည့်လိုက်ရင် အထဲမှာ လောက်ကောင်တွေ ရှိနေပြီလားဗျ။ အဲဒါဆိုရင်တော့ သီးထိုးယင်ကျနေပြီလို့ ပြောလို့ရပါတယ်။ လောက်ကောင်ကျပြီး ပုပ်နေတဲ့အသီးတွေကို ခူးပြီး ကျင်းနက်နက်တူးပြီး မြေမြုပ်ပစ်ပါ။ ရိုးရိုးလွင့်ပစ်ရင် အထဲက လောက်ကောင်တွေက သီးထိုးယင်အဖြစ်နဲ့ အပြင်ကို ပြန်ရောက်လာဦးမှာပါ။ ပြီးရင် စိုက်ခင်းကို အဝါရောင်ကော်ပြားထားပေးပါ။ သီးထိုးယင်တွေက ဒီကော်ပြားမှာ လာကပ်ပြီး သေပါလိမ့်မယ်။ နောက်တစ်နည်းက သီးထိုးယင်ထောင်ချောက်လုပ်နိုင်ပါတယ်။ သီးထိုးယင်ထောင်ချောက် ဘယ်လိုလုပ်ကြမလဲ ဒီခေါင်းစဉ်ကိုနှိပ်ပြီး ပြုလုပ်နည်း လေ့လာနိုင်ပါတယ်။ ဗီဒီယိုပါ ပါပါတယ်ဗျ။ ဒီနည်းတွေကတော့ ဓာတုဆေးဖြန်းစရာမလိုတဲ့အတွက် လူလည်း မထိခိုက်သလို စားသုံးသူလည်း ဓာတ်ကြွန်းမကျန်တဲ့အတွက် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ CABI ကတော့ အသီးအရေအတွက် ၁၀% ကျော် သီးထိုးယင်ကျနေပြီဆိုရင်တော့ မာလာသီယန် ၅၀ အီးစီ ဖျန်းခိုင်းပါတယ်။ ဖျန်းပြီး ၇-၁၀ ရက်အတွင်းတော့ အနည်းဆုံးထားပြီး မခူးရပါဘူး။ ဓာတ်ကြွန်းကျန်နေသေးတဲ့အတွက် စားသုံးသူအတွက် အရမ်းအန္တရယ်များပါတယ်။
ဆက်စပ်မေးခွန်းများ
ဘယ်လိုစိုက်ရမလဲ
ဖြေကြားချက် 1 ခု
အကိုတို့ခဗျာ..ရွှေဖရုံစိုက်ထားတာ အပင်ကစင်ပေါ်ရောက်နေပြီ အညွှန့်ဖြတ်နည်းလေးပြောပြပေးပါ ပင်စည်ကတက်လာတဲ့ အညွှန့်...
ဖြေကြားချက် 2 ခု
ရွှေဖရုံပင်မှာ အရွက်ပိုးကျတာ အရွက်ဖြန်းဆေးသုံးလို့ရပါသလား။
ဖြေကြားချက် 1 ခု
ခြံဘေးမှာ စင်လေးဆောက်ပြီး မျိုးစေ့ကြဲထားပါတယ်။ တစ်ရက်ပဲရှိပါသေးတယ်။ တစ်ခါမှမစိုက်ဖူးတော့ မြေပြင်တာတွေ ၊ မြေဩဇာ...
ဖြေကြားချက် 1 ခု
ဖရုံသီးစိုက်ပီး ဘယ်အချိန် ဘယ်လိုလုပ်ရတယ်ဆိုတာ ပြောပြပေးပါလား
ဖြေကြားချက် 2 ခု