အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

စိုက်ပျိုးရေး ပါရမီရှင်များခင်ဗျာ မှော်ဘီ ဒေသမှာ လိမ္မော်စိုက်ရ မရသိချင်ပါတယ်ခင်ဗျာ နားလည်တက်ကျွမ်းသူများ ကျေး...

စိုက်ပျိုးရေး ပါရမီရှင်များခင်ဗျာ မှော်ဘီ ဒေသမှာ လိမ္မော်စိုက်ရ မရသိချင်ပါတယ်ခင်ဗျာ နားလည်တက်ကျွမ်းသူများ ကျေးဇူးပြုပြီးဖြေကြားပေးပါ ကျေးဇူးတင်ပါတယ်

စိုက်ပျိုးနည်း ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

10,796 လွန်ခဲ့သော ၈ နှစ် က

လိမ္မော်ကို အပူပိုင်းနှင့် သမပိုင်း ရာသီဥတုများရှိသော အမြင့် ၁၅၀၀ မီတာ (ပျှမ်းမျ ပင်လယ် ရေမျက်နှာပြင်အထက်) အထိရှိသည့် နေရာများ၌ စိုက်ပျိုးနိုင်ကြသည်။ သို့သော် မြေဆီလွှာအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် ရှိသော ခြောက်သွေ့သော ရာသီဥတုသည် အပင်၏ အမြစ်ကြီးထွားမှုအတွက် ကောင်းမွန်သည်။ သီးနှံကြီးထွားမှု အကောင်းဆုံးဖြစ်ရန်ဆိုပါက ခြောက်သွေ့ပြီး ၇၅ စင်တီမီတာ မှ ၂၅၀ စင်တီမီတာ အတွင်းရှိသောမိုးရေချိန် နည်းပါးသည့် နွေရာသီသည် အသင့်တော်ဆုံး အခြေအနေဖြစ်သည်။ လိမ္မော်သီးနှံသည် ဆီးနှင်းခဲသော အခြေအနေများနှင့် စိုစွတ်သော အခြေအနေများတွင် အလွန် ထိခိုက်လွယ်ပြီး ရောဂါပျံ့နှံ့နိုင်သည်။ လိမ္မော်စိုက်ပျိုးရေးအတွက် အခြားအခက်အခဲ တစ်ခုမှာ ပူပြင်းသောနွေရာသီတွင် လေပူကြောင့် အရွက်များနှင့် အသီးကင်းများ ကြွေကျနိုင်ခြင်း ဖြစ်သည်။ သီးနှံအထွက်နှုန်း ကောင်းမွန်ရန်အတွက် သီးနှံကြီးထွားစဉ် ကာလတလျှောက်၌ ကောင်းမွန်သော အပူချိန်ကို ထိန်းသိမ်းထားရန်လိုအပ်သည်။ အဲဒါကြောင့် မှော်ဘီဘက်မှာစိုက်မယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုပါ့မယ်။

You

ဆက်စပ်မေးခွန်းများ

ဂွေးချိုသီးပင်အသီးနည်းပြီးပျားတအားထိုးပြီးအသီးကြွေများနေတယ်။အသီးသေးပြီးအမြစ်ပိုးလိုက်နေတယ်။ဘာဆေးသုံးပြီးပျား...

ဖြေကြားချက် 0 ခု

မြေဆီလွာ ကို အမြန်​ဆုံး နဲ့ အထိ​ရောက်​ဆုံး အကျိုးပြုနိုင်​တဲ့ သဘာဝ​မြေသြဇာ လုပ်​နည်​း သိပါရ​စေ ခင်​ဗျ ​လေးစား...

ဖြေကြားချက် 1 ခု

ကွမ်းတွေမှာဆီစွန်း ရိုးမဲတွေဖြစ်နေပါတယ်သက်သာပျောက်ကင်းနိုင်မည့် နည်းလမ်းတွေရှိရင် ပြောပြပေးစေလိုပါတယ်။

ဖြေကြားချက် 1 ခု

သ​င်္ဘောသီး​တွေ​ပေါ်မှာ အဖြူပိုး​တွေဆိုးဝါးစွာ ကြ​ရောက်​​နေလို့ပါ ခင်​ဗျ ဘယ်​လိုနှိမ်​နင်​းရမလဲခင်​ဗျ

ဖြေကြားချက် 2 ခု

ဖရဲ ပျိုးပင်လေးတွေ ၂ ရွက်ထွက်ချိန်သေသွားတတ်ကြတာ ဘာကြောင့်ပါလဲ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။