အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၅ နှစ် က · လှည်းကူး

ကျွန်တော့စပါးခင်းက (၇) ရက်သားရှိပါပြီး၊ကြဲခင်းလို့ခေါ်တဲ့တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးတာပါ။အခု လယ်ကွက်တွေမှာ...

ကျွန်တော့စပါးခင်းက (၇) ရက်သားရှိပါပြီး၊ကြဲခင်းလို့ခေါ်တဲ့တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးတာပါ။အခု လယ်ကွက်တွေမှာ မြက်‌တွေပေါက်နေလို့ အပင်ကောင်းပေါင်းသေ ဆေးဖြန်းချင်လို့ပါ၊သိချင်တာက စပါးဘယ်နှရက်သားမှာ ဖြန်းရမှာလဲ၊ဘယ်အမျိုးအစားဆိုအဆင်ပြေမလဲဆိုတာ သိချင်လို့ပါ။ကျေးဇူးတင်ပါတယ်။

1

ဖြေကြားချက် ၁ ခု

1,509 လွန်ခဲ့သော ၅ နှစ် က

စပါး ကြဲခင်း စိုက်တာ 3 /4နှစ်ရှိပါပြီအဲ့အတွေ့အကြုံအရမျှဝေပေးပါမယ် စပါးပေါင်းသတ်ဆေးသုံးရင် အကြောင်း လေးပါး ညီညတ်ရပါမယ် ၁ စပါးပင် 7-14ရက်သားအတွင်း ဖျန်းပါ ‌မြက်နုလေ မြက်သေနှုန်းများလေ ၂ လုံလောက်ထဲ မြေအစိုဓာတ် ရေ စပ်စပ် ရှိရမယ် ၃ ဆေးဖျန်း ပြီး 3နာရီ မိုးကြီးမမိစေနဲ့ (စွဲဆေး ကော်ရေထည့်ရင် ဆေးဖျန်း နာရီဝက် နောက်ပိုင်းရွာရင် အကျိုးမယုတ်ပါ 4 ပေါင်းသတ်ဆေး မှန်ကန်ခြင်း ပေါင်းသတ်ဆေး ရွေးချယ်မှုမှာ မြက်သေးမှုံညှင်း အတွက်ဆို #ပေါင်းဝေး /ရှင်း #ကွန်ပလိ ကန်စွန်း လိုနွယ်ပက်အတွက် #ဒီမင်း #ခွေးနီမှုန် ဒေါင်းမြီးပျံလက်သဲခွ #ဝှိုက် #ဟာဘီ မြက်ချိုက ဘာရွေးချယ်ပေါင်းသတ်ဆေးနဲ့မ မနိုင်လို့ ဂလိုင်ဖောက် 7cc(တဇွန်းမပြည့်တပြည့်)‌4ဂါလံတပုံးစာထည့်ပက်တယ် သတိ ဂလိုင်ဖေါက် များရင် စပါးပါထိတယ် မများစေနဲ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။