အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7
လွန်ခဲ့သော ၅ နှစ် က · ရေဦး

ကွမ်းပင်ဟာ နှိမ်ပြီး မိုရွှားရင် ဒါမှမဟုတ် မိုးရွှာထဲနှိမ်လိုက်ရင် ရိုးမဲ ဆစ်ပြုတ် ဆီစွန်း ဝင်တယ်ဆိုတာ ဟုတ်ပါသ...

ကွမ်းပင်ဟာ နှိမ်ပြီး မိုရွှားရင် ဒါမှမဟုတ် မိုးရွှာထဲနှိမ်လိုက်ရင် ရိုးမဲ ဆစ်ပြုတ် ဆီစွန်း ဝင်တယ်ဆိုတာ ဟုတ်ပါသလား ဗျ ပတ်ဝန်းကျင်က ပြောသံကြားလို့ပါ အဲ့ဒါလေး သိချင်ပါတယ်

Post image

ဖြေကြားချက် ၄ ခု

239 လွန်ခဲ့သော ၁ နှစ် က

မှန်တယ်

1,285 လွန်ခဲ့သော ၅ နှစ် က

မဆိုင်ဘူး ခေါင်နိမ် pရင် မိူဆေးတစ်ခုခုဖျန်း ကွမ်းအားကောင်းရင် ဘာမှမဖစ်ဘူး

270,769 လွန်ခဲ့သော ၅ နှစ် က

ရိုးမဲဆစ်ပြုတ် ဖြစ်စေတဲ့ အခြေအနေတွေပါ။ အစိမ်းရောင်လမ်းကဆောင်းပါးဆီမှ ဖော်ပြခြင်းဖြစ်ပါတယ်။

270,769 လွန်ခဲ့သော ၅ နှစ် က

ရောဂါသည် Bacterium betle ကြောင့် ဖြစ်ပါသည်။ ကွမ်းပင်တွင် ကျရောက်လေ့ရှိသော ရောဂါဖြစ်သည်။ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။ ရိုးမဲဆစ်ပြုတ်ရောဂါဟု လူသိများသည်။ မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။ ရောဂါကူးစပ်ပုံ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။