အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
237
လွန်ခဲ့သော ၅ နှစ် က · နတ်မောက်

golden paddy pageကနေ EMအလွယ်လုပ်နည်းကိုအောက်ပါအတိုင်းတင်ထားတာဆွေ့လို့ပါ အဲ့သည်နည်းအတိုင်းလုပ်ရင်OEMရလားဗျ...

golden paddy pageကနေ EMအလွယ်လုပ်နည်းကိုအောက်ပါအတိုင်းတင်ထားတာဆွေ့လို့ပါ အဲ့သည်နည်းအတိုင်းလုပ်ရင်OEMရလားဗျ ရှင်းပြပေးပါအုံး အဲ့သည်နည်းကကြက်ဥဂျူလင်စီလုပ်နည်းနဲ့ဆင်နေလို့ပါ [Zawgyi] "EM အလွယ်ဆုံးပြုလုပ်နည်း" ******************************* စိုက်ပျိုးရေးအတွက် လိုအပ်တဲ့EM အရည်ပြုလုပ်နည်းပါ။ EMဆိုတာကတော့ အပင်ကိုအကျိုးပြုတဲ့ဘက်တီးရီးယား အရည်ပါ။ လိုအပ်သောပစ္စည်းများ ************************ ၁- 1.25လီတာဆံ့တဲ့ အချိုရည်ပုလင်းအလွတ်၂လုံးကို ရေထည့်ထားပါ(အပြည့်မထည့်ရ) ၂- အချိုမှုန့် ၃- ငံပြာရည် ၄- ကြက်ဥနှစ်လုံး ပြုလုပ်နည်း ************ ကြက်ဥ(၂)လုံးကိုဖောက်ပြီး ပုဂံထဲထည့်မွှေပ။ါ အချိုမှုန့် လက်ဖက်ရည် တစ်ဇွန်းစာရယ် ၊ ငံပြာရည် ဟင်းခတ်ဇွန်း(၄)ဇွန်းထည့်ပြီး မွှေလိုက်ပါ။ ရလာသော ကြက်ဥအရည်ကို ရေထည့်ထားသော အချိုရည်ပုလင်းထဲသို့(၃)ဇွန်းစီ ထည့်ပြီး အဖုံးကိုလုံအောင်ပိတ်ပါ။ ပြီးနောက် နေပူထဲတစ်လခန့်ထားပါ။ တစ်လခန့်ကြာသောအခါ ပုလင်းထဲကအရည်သည် အဖြူရောင်မှ အနီရောင် အဖြစ်သို့ ပြောင်းလဲသွားပါက စိုက်ပျိုးရေးအတွက်လိုအပ်သော EMအရည်ကိုရရှိမှာဖြစ်ပါသည်။

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

အခုမေးခွန်းမှာပါတာ ကြက်ဥလင်စီလုပ်နည်းပါ။ အီးအမ်မဟုတ်ပါ

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

EM ရဲ့ အဓိပါယ်က အကျိုးပြုအဏုဇီဝပိုးများလို့ အဓိပါယ်ရပါတယ်။ EM ကို အကျိုးပြုအဏုဇီဝတွေကို စနစ်တကျနဲ့ ဓာတ်ခွဲခန်းထဲမှာ ပေါင်းစပ်ဖွဲ့စည်းခဲ့တာပါ။ သဟဇတကျတဲ့ ပေါင်းစပ်မှုရဖို့ ဆယ်စုနှစ်တွေချီပြီး ကြာခဲ့ပါတယ်။ ပညာရှင် ဒေါတာ Teruo Higa ပြုလုပ်ဖန်တီးခဲ့တာကို အခုထိ ပွားများထုတ်လုပ်သုံးစွဲနေကြတာပါ။ ကျွန်တော်တို့လုပ်နိုင်တာက ဒေသခံအဏုဇီဝလို့ခေါ်တဲ့ IMO ပဲ လုပ်နိုင်တာပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။