ဖြေကြားချက် ၂ ခု
တီကောင်ကတော့ ဖျက်ပိုးမဟုတ်ပါဘူး။ မြေကြီးထဲမှာ အဏုဇီဝပိုးတွေတိုးဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ တီကျစ်မြေသြဇာဆိုပြီး အပင်အတွက်အသုံးပြုကြတာကိုရှိပါတယ်။ ခြတို့၊ ဖိုးလမင်းကျိုင်း၊ ငမြှောင်တောင် တွေက မြေအောင်းပိုးတွေပါပဲ။ မြေအောင်းပိုးအတွက်ကို မြေပြင်ကတည်းက မြေအောင်းပိုးသတ်ဆေးတွေထည့်ပေးတာတို့ လုပ်ဆောင်သင့်ပါတယ်။ (ပထမအကြိမ်ထယ်ထိုးပြီးပါက ၃ရက်နေလှမ်းထားပေးပြီးနောက်ဒုတိယအကြိမ် ၁၆သွား ၂စပ်မောင်းပြီးကြမ်းတုန်းရိုက်ပါ။၂ရက်ခန့်အကြာမှာ နောက်တစ်ကြိမ်ထပ်မောင်းပြီးကြမ်းတုန်းရိုက်ပါ။ဒီလိုလုပ်ခြင်းဖြင့် ပိုးလောက်ကောင်တွေ/ရုပ်ဖုံးတွေဟာ မြေပေါ်ရောက်လာပြီး နေရောင်နဲ့ထိခြင်း..ငှက်များစားသောက်ခြင်း..ထွန်သွားနဲ့ထိမိခြင်းတို့ကြောင့်သေနိုင်ပါတယ်။ မြေအောင်းပိုးသတ်ဆေး(ပင်လုံးပြန့်ထိသေဆေးအဆိပ်ငွေ့ဆေး)တစ်မျိုးမျိုးကိုမြေပြင်ချိန်မှာထည့်ပေးပါ။ ဒီပိုးတွေဟာရာသီတလျှောက်လုံးဖျက်ဆီးတတ်ပါတယ်။ မြေကြီးအောက်မှာနေတာကြောင့် ဆေးဖျန်း၍မရပါ။) ကွင်းထဲကနည်းပညာအချက်အလက်တွေက ဆရာဦးအေးနိုင်ဆီမှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
မန္တလေး ပွဲရုံ တိုက်ရိုက်ရောင်းချင်ပါတယ် ဖုန်းနံပါတ်သိရင် ပြောပြပေးပါ
ဖြေကြားချက် 0 ခု
ချဉ်ပေါင်ဖာလာကအမြင့် ၂၀၀၀ပေကျော်မှာ စိုက်ရပြီး မြေနိမ့်ရင်အသီးမသီးဟုသိရပါသည် ရက မတလ အမြန်လမ်း ၆၄ မိုင်လောက်...
ဖြေကြားချက် 1 ခု
ရာသီဥတု ၃ မျိုးရှိသည့် မြန်မာနိုင်ငံတွင် ရာသီဥတု ၁မျိုးစီတွင် စိုက်ပျိုးစားသောက်နိုင်သော သီးနှံအမျိုးစားများ...
ဖြေကြားချက် 2 ခု
ဂုံနီ အိတ် အထူ တွေ ဘယ်မှာ ၀ယ်လို့ ၇လဲ ဗျ အနံ ၃၆ အလျား ၄၈ လောက် ..သိ၇င် ပြောပေးကြပါအုန်းနော်
ဖြေကြားချက် 2 ခု
ဆရာသမားတို့ခည ချဉ်ပေါင်ပင်ရွက်မှာအ ြဖူကွက်ေတ ြဖစ်နေတယ် ဘာေြကာင့်လဲ ဘာဆေးသုံးသင့်လဲခည
ဖြေကြားချက် 2 ခု