အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · စေတုတ္တရာ

သဘော်ကိုင်းကူးနည်းသိချင်ပါတယ်ခင်ဗျ..ကျေးဇူးတင်ပါတယ်

စိုက်ပျိုးနည်း သင်္ဘော

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

အကိုင်းကူးမယ့်အပင်အကြီးအသေးပေါ်မူတည်ပြီး အကိုင်းကူးပင် ၁၀ ပင်လောက်ကူးလို့ရပါတယ်။ ပထမအကြိမ်အဖျားပိုင်းကို ကူးပြီးနောက် ဖြတ်လိုက်ရင် အတက်တွေထပ်ထွက်လာမယ်။ အဲ့ဒီအတက်တွေကို ထပ်ပြီးကူးယူလို့ရပါတယ်။ လိုအပ်တဲ့ပစ္စည်းများအနေနဲ့- ၁။ ဓါးထက်ထက် တစ်လက် ၂။ အုန်းဆံအမှုန့် (အုန်းသီးအခွံ လက်နဲ့ဆွဲဖွရင် ဒါမှမဟုတ် ရေစိမ်ပြီး ထုရင် အုန်းဆံမှုန့်ရပါတယ်)၊ အုန်းဆံမှုန့်မရှိရင် အုန်းခွံ ၃။ ရေ ၄။ ရေဆိုရင် မဆွေးတဲ့ ဝါးခြမ်းစ အငယ် (သို့) သစ်သားစငယ် ၅။ ပလပ်စတစ်အိတ်ငယ် အကြည်(သို့) ပလပ်စတစ်အိတ်ဖြတ်စ အကြည်သား ၆။ ကြိုး ပင်စည်အဖျားအောက်နားကနေ အပေါ်လှန်ပြီး ဓါးနဲ့ဖြတ်ပါ။ ပင်စည်ရဲ့ ၃ပုံ ၁ပုံလောက်ကိုဖြတ်ပါ။ အရှည် ၃လက်မလောက်ဖြတ်ပါ။ ပင်စည်ဖြတ်သားထက် အနည်းငယ်ရှည်ပြီး ရေစိုရင်မဆွေးလွယ်တဲ့ ဝါးခြမ်းစ ဒါမှမဟုတ် သစ်သားစကို ပင်စည်ဖြတ်သား ကြားကိုထိုးသွင်းပါ။ ပင်စည်ဖြတ်သားနဲ့ ပင်စည်ပြန်မဆက်သွားအောင် ခွာထားဖို့အတွက်ဖြစ်ပါတယ်။ အုန်းဆံမှုန့်ကို ရေဝအောင်ဆွတ်ပြီး ပလပ်စတစ်အိတ်အကြည်ထဲ သွတ်သွင်းပါ။ လက်နဲ့ညှစ်ကြည့်ရင် ရေထွက်လာဆဲ့အနေအထားဖြစ်ပါတယ်။ (အုန်းခွံကိုသုံးမယ်ဆိုရင်လည်းအလားတူဖြစ်ပါတယ်။) အိတ်အဝကိုခိုင်ခိုင်စည်းထားပါ။ ပလပ်စတစ်အကြည်သားကို သုံးတာက အမြစ်ထွက်လာတဲ့အခါ မြင်ရအောင်ဖြစ်ပါတယ်) မိမိအကိုင်းကူးမယ့် သင်္ဘောပင်အရွယ်အစားပေါ်မူတည်ပြီး သင့်တော်တဲ့ ပလပ်စတစ်အိတ်အရွယ်အစားကိုအသုံးပြုပါ။ အုန်းဆံမှုန့်အိတ်ကို ဓါးနဲ့ခွဲပါ။ ဓါးနဲ့ဖြတ်ထားတဲ့ သင်္ဘောပင်စည်ဖြတ်စအချွန်နေရာကို အုန်းဆံအိတ်ခွဲထားတဲ့ဖက်ကနေ အုပ်ပြီး ကြိုးနဲ့ကြပ်ကြပ်စည်းပါ။ ကောက်ညှင်းထုပ်စည်းသလို ကြပ်ကြပ်စည်းပါ။ အကိုင်းကူးဖို့ဖြတ်ထားတဲ့နေရာရဲ့ ဆန့်ကျင်ဖက်အခြမ်းက ပင်စည်အသားကို အနည်းငယ်ဖြတ်ထုတ်ပါ။ သင်္ဘောပင်အဖျားကို ရေပို့တဲ့လမ်းကြောင်းကိုဖြတ်တောက်ဖို့ဖြစ်ပါတယ်။ ဒီတော့မှ အကိုင်းကူးတဲ့ဖြတ်စနေရာကနေ ရေစုပ်ယူဖို့အတါက် အမြစ်မြန်မြန်ထွက်လာမှာဖြစ်တယ်။ ပင်စည်ကို နှစ်ဖက်ဖြတ်ထားတဲ့အတါက် လေတိုက်ရင် ကျိုးလွယ်ပါတယ်။ ဒါ့ကြောင့် ထောက်တိုင်ထောင်ပြီး တွဲချည်ထားပါ။ ရက် ၃၀ ခန့်အကြာမှာအမြစ်တွေထွက်လာတာ တွေ့ရပါမယ်။ ဖြတ်ပြီးပြောင်းစိုက်နိုင်ပြီးဖြစ်ပါတယ်။ အကိုင်းကူးတဲ့ ပင်မပထမပိုင်းကို ဖြတ်ထုတ်လိုက်ပြီးနောက် ပင်စည်မှာအတက်တွေ ထပ်ထွက်လာမယ်။ အဲ့ဒီအတက်တွေကိုလည်း အလားတူ အကိုင်းကူးယူနိုင်ပါတယ်။ ပင်စည်ဖြတ်စနေရာမှာ အတက်မထွက်တော့ဘူးဆိုရင် အဲ့ဒီအောက်နားကနေ ထပ်ဖြတ်လိုက်ပါ။ အတက်တွေ ထပ်ထွက်လာပါလိမ့်မည်။ အဲ့ဒီလို ပင်စည်ကို ဖြတ်လိုက် အတက်ထွက်လိုက် အကိုင်းကူးလိုက်နဲ့ အပင်ကြီးရက် အကိုင်းကူးပင် ၁၀၀ လောက်အထိကို ကူးယူနိုင်ပါတယ်။ ပင်စည်ကဖြတ်လာတဲ့ ကူးကိုင်းကို ပျိုးအိတ်ထဲမှာ တစ်လပျိုးထားပြီးမှ စိုက်ခင်းထဲမှာသွားစိုက်တာက ပိုကောင်းပါတယ်။ အကိုင်းကူးပျိုးပင်တွေကို စိုက်ခင်းထဲမှာ သွားစိုက်ပါ။ အကိုင်းကူးချိန်မှာပါလာတဲ့ အပွင့်နြ့ အသီးတွေဟာ ကြွေမသွားပဲ အသီးကြီးထွားလာပါမယ်။ အုန်းခွံနဲ့အကိုင်းကူးမယ်ဆိုရင်လည်း စောစောကနည်းအတိုင်းဖြစ်ပါတယ်။ အုန်းခွံကို ရေဆွတ်ပြီး ပင်စည်ဖြတ်စနေရာကို အုပ်ပါ။ ကြိုးနဲ့ကြပ်ကြပ်စည်းပါ။ အုန်းခွံစည်းထားတဲ့နေရာကို ပလပ်စတစ်အခြမ်းနဲ့ပင်စည်ကိုပါ အလုံစည်းပြီး ကြိုးချည်ထားပါတယ်။ အုန်းခွံကရေတွေအငွေ့ပြန်ပြီး မခြောက်သွေ့အောင်အတွက်ဖြစ်ပါတယ်။ ရက် ၃၀ လောက်အကြာမှာ အမြစ်တွေထွက်လာတာကိုတွေ့ရမယ်။ အမြစ်ထွက်လာပြီးရင်တော့ ဖြတ်ပြီး ပျိုးအိတ်မှာ ပျိုးထားပြီးနောက် စိုက်ခင်းထဲကိုရွေ့စိုက်နိုင်ပါတယ်။ (သင်္ဘောစိုက်ပျိုးနည်း စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။