ဖြေကြားချက် ၂ ခု
နောက်ဆုံးကြားဝင်ချိန် (၁လသားခန့်) မှာ ပုလဲမကျွေးဖြစ်ခဲ့ဘူးဆိုရင် အထက်က ဆရာမ ပြောသလို ပုလဲ+လက်ချားကို ဆေးဖျန်ပုံး ၁ပုံးမှာ ပုလဲ၁၆ဇွန်း + လက်ချားမှုန့်၄ဇွန်းနှုန်း (စတီးထမင်စားဇွန်း)နဲ့ တစ်ဧက ၅ပုံးပက်ဖျန်းသင့်ပါတယ်..ရွက်ဖျန်းမြေသြဇာပေါ့ဗျာ..ကုန်ကျစရိတ်သက်သာပြီးအကျိုးရှိပါတယ်..နှမ်းပင်ကရိတ်သိမ်းချိန်ထိ အပင်ခြေမှထိပ်ဖျားတိုင်အောင်စဥ်ဆက်မပြတ်ပွင့်သီးတဲ့အပင်မျိုးဖြစ်တာကြောင့် ပန်းပွင့်ပြီးနောက်ပိုင်းမှာလည်း ပုလဲကျွေးသင့်ပါတယ်။
ပန်းစပွင့်ချိန်မှစပြီး ပုလဲ+လက်ချားကို ၇ရက်ခြား ၄ ကြိမ်လောက်ကျွေးနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုကို နှမ်းစိုက်ခင်းမှာ ပန်းစပွင့်ချိန်ဖြန်းလို့ရသေးလား ခင်ဗျာ (ခန့်မှန်းစိုက်ရင် တလခွဲခန့်ရှိပြီ)
ဖြေကြားချက် 5 ခု
နှမ်းခင်း၊ပုလဲနဲ့လက်ချား ဆေးဖျန်းပုံးတစ်ပုံးလျှင် ဘယ်လောက်ထည့်ဖျန်းသင့်သလဲခင်ဗျ။
ဖြေကြားချက် 2 ခု
နှမ်းနက်အပင်အသီးအတွက် ဘာမြေဆီသုံးရလဲဗျ ဘာဆေးပက်ရလဲဗျ ဘယ်လိုအချိန်သုံးရလဲဗျ
ဖြေကြားချက် 4 ခု
နှမ်းခင်း ရက်၄၀သားပါ အပွင့်ပွင့်နေပါပြီ ပိုးသတ်ဆေးသုံးလို့အဆင်ပြေလားသိချင်ပါတယ်။
ဖြေကြားချက် 1 ခု
အသီးအားကောင်းရန်မည်သို့လုပ်ဆောင်သင့်ပါသလဲ ဆရာ
ဖြေကြားချက် 2 ခု