ဖြေကြားချက် ၁ ခု
စိုက်ပျိုးမည့်မြေနေရာအား ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်များကို ပြင်ဆင်ရပါမည်။ ကောင်းစွာဆွေးမြေ့ သော သဘာဝမြေဆွေးများကို မြေပြင်ချိန်တွင် မိမိမြေ အမျိုးအစားပေါ် မူတည်ပြီး ထည့်ပေးရန် လိုအပ်ပါသည်။ မြေခံအဖြစ် N:P:K ဓာတ်မြေဩဇာတွင် P နှင့် K များသော ဓာတ်မြေဩဇာ ထည့်ပေးရန် လိုအပ်ပါသည်။ ကောင်းစွာဆွေးမြေ့သော နွားချေးဆွေးအား ၂၀-၂၅ tan/ha ( ၈ တန်/ဧက) ထည့်သွင်းပေးရန် လိုအပ်ပါသည်။ တစ်ဧကတွင် ၂၀ ကီလိုဂရမ် (N) (၁၈ ပိဿာ) ယူရီးယားဓါတ်မြေဩဇာ ၊ ၆၄ ကီလို ဂရမ် (P2O5) (၃၈.၄ ပိဿာ)၊ တီစူပါဓါတ်မြေဩဇာ ၊ ၃၂ ကီလိုဂရမ် (K2O)(၁၉.၂ ပိဿာ) ပိုတက်ဓာတ်မြေဩဇာ တို့အား မြေခံအဖြစ်ထည့်သွင်းရန် လိုအပ်ပါသည်။ ဂန္ဓမာပန်းစိုက်ပျိုးနည်း ( Cultivation of Chrysanthemun) ဒီဆောင်းပါးကနေကောက်နုတ်ဖော်ပြထားပါတယ်။ အပြည့်အစုံကို စာတန်းကိုနှိပ်ပြီးလေ့လာပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာရောဂါများလဲဘာဆေးဖျန်းရမှာလဲမသိလို့ပါ
ဖြေကြားချက် 2 ခု
ပုံထဲကစူပါနဲ ကောမက်စူပါ ဘယ်ဟာကပိုကောင်းပါသလဲ
ဖြေကြားချက် 2 ခု
ဓက်မြေသြဇာကပထမတစ်ခါကျွေးပြီးရင်နောက်တစ်ခါဘယ်နှစ်ရက်ချားကျွေးရတာလဲ
ဖြေကြားချက် 1 ခု
အပင်အားဆေး အလွယ်တကူပြုလုပ်နည်းလးတွေမျှဝေကြပါအုံး
ဖြေကြားချက် 1 ခု
ဂနွမာပန်း မီးထွန်းစိုက်ပျိုးနည်းလေးသိချင်လို့ပါ
ဖြေကြားချက် 1 ခု