ဖြေကြားချက် ၁ ခု
အသားတိုးဝက်စာ ဘယ်လိုစပ်ကြမလဲ ------------------------------------------- ကိုယ်မွေးထားတဲ့ဝက်တွေကို ကျန်းမာဆူဖြိုးအသားတိုးမှာ မလိုလားတဲ့ မွေးမြူရေးလုပ်ငန်းရှင်၊ မွေးမြူရေးသမားရယ်လို့ မရှိလောက်ဘူးထင်ပါတယ်။ အစာကို ကျွေးချင်တိုင်းကျွေးလို့မရဘူး၊ စနစ်တကျ ကျွေးရမယ်ဆိုတာ Kaung Htet ကို အားပေးကြတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေ မိတ်ဟောင်းမိတ်သစ်တွေအားလုံး သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဝက်တွေအသားတိုးအောင် အစာဘယ်လိုကျွေးရမလဲဆိုတာနဲ့ ပက်သက်လို့ မသိသေးသူတွေ ရှိနေပါသေးတယ်။ သိရက်နဲ့လည်း “ပညာရှိသတိဖြစ်ခဲ” ဆိုသလို အမှားလေးတွေ လုပ်မိတတ်ကြသူတွေလည်း ရှိကြမှာပါ။ အများအားဖြင့်ကတော့ ဝက်မွေးမြူရေးလုပ်ငန်းကြီးတွေက စနစ်တကျမွေးမြူကြပေမယ့်၊ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူတွေမှာတော့ ချို့ယွင်းချက်လေးတွေရှိနေတတ်ပါတယ်။ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူတွေ အများစုမှားတတ်တဲ့ အမှားကတော့ ဝက်မွေးတဲ့အခါ ဝက်စာကို သတ်သတ်မှတ်မှတ် ကျကျနန ကျွေးတာမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ကရတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းရည် စတာတွေကို တွင်တွင်ကြီး ကျွေးတတ်တာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဝက်တွေကို သွားချင်ရာသွား၊ စားချင်ရာစား လွှတ်ထားတတ်ကြသေးတာ။ ဝက်ဆိုတာမျိုးက လွယ်လွယ်နဲ့အစာကြေတတ်တဲ့ တိရစ္ဆာန်မဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝကိုက အစာချေဖျက်နှုန်း နည်းပါတယ်။ ဒါကြောင့် ဝက်တွေစားတဲ့အစာတွေက ကျေညက်လွယ်တဲ့ အစာမျိုးတွေပဲ ဖြစ်သင့်ပါတယ်။ ကျေးလက်တောရွာတွေမှာတော့ မွေးမြူရေးဗဟုသုတနည်းပါးတဲ့အတွက် ဒီအချက်ကို မသိသူများပါတယ်။ ဖြစ်နိုင်ရင်တော့ သိပ္ပံနည်းကျထုတ်လုပ်ထားတဲ့ အစာမျိုးကို ကျွေးနိုင်ရင်အကောင်းဆုံးပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်အစာစပ်ချင်ရင်တော့ ဆန်ကွဲ၊ ငါးမှုန့်၊ မြေပဲဖတ် စတာတွေပါဝင်တဲ့ ဝက်စာမျိုးကို ကိုယ်တိုင်အစာစပ်ပြီး ကျွေးမွေးနိုင်ပါတယ်။ အစာစပ်တဲ့အခါမှာလည်း သင့်တင့်မျှတတဲ့ အချိုးအဆအတိုင်း ရောနှောကျွေးမွေးဖို့ လိုပါတယ်။ ဒီလိုကျွေးတဲ့အခါမှာ ဝက်ရဲ့ပမာဏနဲ့ အနေအထားကို လေ့လာပြီး ကျွေးမွေးဖို့လိုအပ်ကြောင်းကို ဝါရင့်မွေးမြူရေး ပညာရှင်တွေက အကြံပေးထားပါတယ်။ ဆိုကြပါစို့။ ဥပမာ - ဇီးဝက်မတစ်ကောင်ဟာ အလေးချိန် ပေါင်အဆ ၅၀ လောက်ရှိနေမယ်ဆိုရင် ဝက်စာအနေနဲ့ ပေါင်ဝက်လောက် ကျွေးသင့်ပါတယ။် အဲ့ဒီအချိုးအစားအတိုင်း အခြေအနေကိုလိုက်ပြီးတော့ ဇီးဝက်မတွေကို ချိန်ဆကျွေးမွေးနိုင်ပါတယ်။ အစာများများကျွေးတိုင်း အသားတိုးမယ်လို့ ယူဆချက်ကလည်း မမှန်ပါဘူး။ ဟိုးအရင်တုန်းကဆို ဝက်ကြီးတွေကို အသားမပေါ်ခင် အလေးချိန်တိုးအောင်လို့ အစာတွေဖိကျွေးပြီး အသားတိုးအောင် လုပ်ကြပါတယ်။ သိထားရမှာက ဝက်တွေကို အရွယ်ရောက်တော့မှ အစာဖိကျွေးနေလည်း အသားနဲ့ သတ္တုဓာတ်တွေတိုးလာမှာမဟုတ်ပါဘူး။ အဆီတွေပဲတိုးလာမှာပါ။ ဒါကြောင့် ဝက်တွေကို ကြီးမှအစာဖိကျွေးတာမျိုးမလုပ်ဘဲ အသက်အရွယ်အလိုက် စနစ်တကျ အစာကျွေးဖို့လိုအပ်ပါတယ်။ ဝက်တွေကို အသားတိုးစေချင်ရင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အသားဓာတ်(ပရိုတိန်းဓာတ်တွေ) မျှမျှတတ ရရှိအောင် အစာကို စနစ်တကျ ရောစပ်ကျွေးမွေးပါ။ အမျိုးသားသုတေသနကောင်စီရဲ့ သတ်မှတ်ချက်အရ အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ အထိရှိတဲ့ ဝက်လတ်တွေအတွက် အသားတိုးအစာစပ်နည်းအချိုးကို ဒီလိုထုတ်ပြန်ပေးထားပါတယ်။ အောက်မှာကြည့်ပါ။ ဖြည့်စွက်စာ - ၀.၅ % ဖွဲနု - ၂၀ % ဆား - ၀.၅ % ဆန်ကွဲ - ၂၀ % ခရုမှုန့် - ၁ % ပဲဖက် - ၂ % ပြောင်း - ၂၀ % ဖွဲကြမ်း - ၁၇.၅ % နှမ်းဖက် - ၅ % ပုစွန်ဖွဲ - ၄ % အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ ရှိတဲ့ ဝက်လတ်တစ်ကောင်အတွက် အစာလိုအပ်ချက်က ၁၄ % ကနေ ၁၉ % အထိရှိပါတယ်။ ဒီတော့ အစာကို လျော့ပြီးကျွေးတာမျိုး တိုးပြီးကျွေးတာမျိုး မလုပ်ဘဲ သတ်မှတ်ထားတဲ့အတိုင်း ကျွေးပါလို့ Kaung Htet က မိတ်ဟောင်းမိတ်သစ်တွေအားလုံးကို အကြံပြုလိုပါတယ်။ ဒီပို့စ်လေးကို မသိသေးတဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေကို ရှယ်(Share) ပေးလိုက်ကြဦးနော်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး၊ အာဟာရဓာတ်အပြည့်အဝရရှိစေမယ့် ကြက်စာ၊ ဝက်စာ၊ ဘဲစာ၊ ငုံးစာတွေကို မှာယူချင်တယ်ဆိုရင်တော့ Kaung Htet Feed Mill ကိုသာဆက်သွယ်လိုက်ပါခင်ဗျာ။ #Kaung_Htet_Feed_Mill #ဝက်စာဘယ်လိုစပ်မလဲ #ဝက်စာစပ်နည်းလမ်းညွှန် #အသားတိုးဝက်စာစပ်နည်း #ဝက်စာဘယ်လိုကျွေးမလဲ ✩Local Product ✩International Quality ✩Reasonable Price ဆက်သွယ်မှာယူလိုပါက- 📞09788886003 📞09788886005 ☎️ 095039114
ဆက်စပ်မေးခွန်းများ
CP ဝက်မွေးချင်တာ ဘာတေလိုအပ်မယ် ဘယ်လိုမွေးရမယ် ဆိုတာ တစ်စိတ်လောက်ပြောပြပေးပါလား
ဖြေကြားချက် 2 ခု
ဝက်မွေးရေနဲ့ကျန်မာရေအကြောင်း
ဖြေကြားချက် 5 ခု
ဒီအဖွဲ့ထဲမှာဝက်မွေးတဲ့သူများမရှိကြဘူးလားဗျာ
ဖြေကြားချက် 1 ခု
ဝက်မွေးချင်လို့ပါမွေးမြူရေးဝက်ပါအစာဘယ်လိုကျွေးရမယ်ဆိုတာသိချင်လို့ပါအချိန်အတိုင်းတာရောပါ
ဖြေကြားချက် 1 ခု
ယနေ့ဝက်စျေးဘယ်လောက်ရှိလည်းဆရာတို
ဖြေကြားချက် 1 ခု