ဖြေကြားချက် ၁ ခု
ကျွန်တော်စိုက်တုန်းက နည်းလမ်းလေး ပြောပြမယ်။ ကျွန်တော်လည်း ကျောက်စရစ်တွေ၊ သဲတွေပဲများတဲ့မြေကြီးမှာ အသီးအရွက်စိုက်ဖူးတယ်။ စစိုက်တုန်းက ပေါက်ပြားတောင် လိပ်လိပ်သွားတယ်။ အဲဒီမြေကြီးက ၆ လအကြာမှာ မွလာတယ်။ အပင်တွေလည်း တော်တော်ဖြစ်တယ်။နည်းက မြေကြီးထဲကို သစ်ဆွေးဓာတ်နဲ့ အကျိုးပြု အဏုဇီဝတွေ ပြန်ထည့်တဲ့နည်းပါ။ အသီးအရွက်စိုက်ဖိုဘောင်စပေါက်ကတည်းက နွားချေး၊ ကြက်ချေးများများထည့်တယ်။ ၂ ရက်လောက်နှပ်ထားပြီးမှ အပင်စိုက်တယ်။ အပင်ပေါက်လာတဲ့အခါမှာ တစ်ပတ်တစ်ကြိမ် ပဲဖတ်အပုပ်ခံထားတာနဲ့ နွားသေးအပုပ်ခံထားတာကို ရောပြီး ရေလောင်းပေးတယ်။ ပဲဖတ်အပုပ်ခံထားတာမှာ အဏုဇီဝပိုးတွေပါသလို အပင်အတွက်လည်း အဟာရဓာတ်အများကြီးပါတယ်။ အဲဒီနည်းနဲ့ စိုက်တာ ၆ လလောက်ကြာတော့ မြေကြီးက တော်တော်မွသွားပြီ။
ဆက်စပ်မေးခွန်းများ
ဘယ်လိုစိုက်ရမလဲသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ရုံးပတီအပင်မှာပုရွက်ဆိတ်အနီရောင်တွေရောက်နေပါတယ်,ခုမှအိမ်မှာစိုက်တာစိုတော့ဘယ်လိုလုပ်ရမလည်းကုညီပေးကြပါ,အခုမှစ...
ဖြေကြားချက် 2 ခု
မျိုးစေ့မြှုပ်တဲ့အခါ အပင်လေးဖြစ်မလာခင် ပရွက်ဆိတ် ပရစ် ဂဏန်း တို့၏ အန္တရာယ်ကိုကာဖို့ဘလိုလုပ်ရမယ်ဆိုတာ နည်းလမ်း...
ဖြေကြားချက် 1 ခု
မည်သည့်ရောဂါလည်းသိချင်လို့ပါ ပေါင်းသတ်ဆေးဓါတ်ကြွင်းကြောင့်လားခင်ဗျာ
ဖြေကြားချက် 1 ခု
ကျမတို့ ရုံးပတီ စိုက်ခင်း ပုံထဲကလိုဖြစ်နေလို့ ဘာဖြစ်တာလဲရှင့် ဘာဆေးလေးများသုံးရမလဲ ညွန်ပေးပါအုံးရှင့် အားလုံး...
ဖြေကြားချက် 2 ခု