အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
292
လွန်ခဲ့သော ၅ နှစ် က · ဟင်္သာတ

ကွမ်းစ ဆိုက်ပီး ဘယ်နှစ်ရက်ကြာရင် မြေဩဇာကျွေးရလဲခမျ ဘာမြေဩစာ တွေကျွေးရလဲ ခမျ

စိုက်ပျိုးနည်း ကွမ်း ကွမ်းပင်အာဟာရ

ဖြေကြားချက် ၂ ခု

292 လွန်ခဲ့သော ၅ နှစ် က

🙏🙏🙏 Thanks

270,769 လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးပြီး ကွမ်းပင်များကိုရေပန်းခရားဖြင့် ရေဝအောင်လောင်းပေးရသည်။ မြေချစိုက်ကာစဖြစ်၍ အရိပ်ကိုလည်း လုံလောက်စွာပေးထားရန်လိုအပ်ပါသည်။ ကွမ်းညွန့်များမှာမြေထုပ်စီးအပင်များဖြစ်၍ အရှိန်မပျက် ဆက်လက်ကြီးထွားသည်။ တစ်ပတ်ကြာသောအခါ ထုံးမှုန့်ပါးပါး ဖြူးပေးရသည်။ အချို့ ဆေးရွက်ကြီးမှုန့်ရောထည့်သည်။ ပြီးလျှင် ကွမ်းပင်တန်း နှစ်တန်းကြားတွင် လမ်း တစ်ပေခွဲခန့် ချန်၍ လမ်းမြေကို အနက်(၃)လက်မခန့် ယူကာ ကွမ်းပင်ခြေရင်းသို့ ပြန်ဖုံးပေးသည်။ ထိုအခါ ကွမ်းပင်တန်းများပေါ်လာပြီ ဖြစ်သည်။ ထို့နောက် လမ်းအတိုင်း ရေပြည့်အောင် ရေစုပ်စက်များဖြင့် ရေသွင်းပေးပါသည်။ ဘောင်ပေါ်သို့ ရေလျှံခြင်း မဖြစ်စေပဲ လမ်းအပြည့်သာ ရေသွင်းခြင်း ဖြစ်သည်။ ကွမ်းစိုက်ထားသည့်ဘောာင်ပေါ်သို့ သစ်ရွက်ကောက်ရိုး ဖုံးအုပ်ခြင်းစနစ် အသုံးပြုမှု နည်းပါးသည်။ နေ့စဉ် ကွမ်းပင်များကို စစ်ဆေးသည့်ရောဂါကျရောက်သည်ဟု ယူဆရသော အပင်များကို ချက်ချင်း နုတ်ယူဖျက်ဆီးပစ်သည်။ ပိုးမွှားရောဂါကျရောက်မှု အလွန်နည်းသည်ဟုဆိုသည်။ အပင် တစ်လခွဲသား အရွယ်တွင် နွားချေးဆွေး၊ ဆိတ်ချေးဆွေး၊ ထုံးမှုန့်၊ ဆေးရွက်ကြီးမှုန့်များကို ဘောင်များပေါ်တွင် ပက်ဖြူးပေး၍ လမ်းအကျယ် တစ်ပေသာချန်ကာမြောင်းကို ထပ်မံတူး၍ ကွမ်းစိုက်ဘောင်ကို တစ်ပေခွဲခန့် မြင့်အောင် ဘောင်တင်ပေးရသည်။ ပြီးလျှင် လမ်းတစ်လျှောက် ဘောင်အမြင့် တစ်ဝက်ရောက်သည်အထိ ရေသွင်းခြင်းကို ဆောင်ရွက်ရသည်။ ရေသွင်းသည့်အချိန်မှစ၍ ရေဖြန်းပုံးဖြင့် ရေဖြန်းခြင်းပြုလုပ်ပေးခြင်း မရှိတော့ချေ။ ဆောင်းရာသီ၊ နွေရာသီတို့တွင် (၁၅) ရက် တစ်ကြိမ်ရေသွင်းပေးလေ့ရှိသည်။ ပူလွန်းသော ရက်များတွင် (၁၀) ကြိမ် သွင်းပေးရသည်။ ဓာတ်မြေသြဇာကျွေးလေ့ မရှိသော်လည်း ရွက်ဖြန်းမြေသြဇာ ပက်ဖြန်းခြင်းကိုမူ အသုံးပြုတတ်ကြသည်။ ပေါင်းများရှင်းပြီး ထုံးမှုန့်နှင့်ဆေးရွက်ကြီးမှုန့်တို့ကိုသာ တစ်လတစ်ကြိမ် ဖြူးပေး၍မြေဆွပေးသည်။ အစိမ်းရောင်လမ်းဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။