အပင်တွေဘာဖြစ်သွားတာလည်းမသိဘူးဗျအောက်ရွက်၄ရွက်လောက်ကြွေသွားတယ်အရွက်တွေမှာလည်အပျောက်တွေနဲ့မှိုဆေးလည်းပတ်တယ်Cu ကာဆူမင် ပိုးသတ်သေးကတော့ ဆိုက်ပါ ပတိတယ် ထူးခြားမှုမရှိလို့ပါ
စောပင်နာကျ ဖြစ်မယ်။ ပုံကတစ်ပုံပဲကောင်းကောင်းမြင်ရတဲ့အတွက် လက္ခဏာတွေစစ်ဆေးကြည့်ပါရှင့်။ စောပင်နာကျဆိုရင် (ရောဂါကျရောက်ပြီဆိုပါက သတိပြုမိစေသောပုံစံမှာ ခရမ်းချဉ်၏ ပင်စည်နှင့်ကပ်နေသော အရွက်များပေါ်တွင် မဲညိုရောင်အစက်အပြောက်များ စတင်ပေါ်ပေါက်လာပါသည်။ ရောဂါကြီးရင့်လာသည်နှင့်အမျှ အရွက်ပေါ်တွင်ရှိသော အစက်အပြောက်များ ကျယ်ပြန့်လာကာ ပုံသဏ္ဌာန်မမှန်သော ထောင့်များဖြစ်ပေါ်ကာ ကျယ်ပြန့်မှုရပ်တန့်ပြီး အတွင်းတွင်မဲနက်ကာ သိသာသော အရစ်ကွင်းများ ဖြစ်ပေါ်လာပါသည်။ ကျန်ရှိနေသောအရွက်၏ အစိတ်အပိုင်းများသည် အဝါပြောင်းကာ အရွက်အားကြွေကျစေသည်။) ဒီလိုလက္ခဏာတွေတွေ့ရပါလိမ့်မယ်။ ခရမ်းချဉ်စိုက်ပျိုး၍ အထွက်နှုန်းတိုးစေဖို့ စောပင်နာကျရောဂါကာကွယ်စို့ ဒီဆောင်းပါးမှာ ကာကွယ်ကုသနည်းအပြည့်အစုံဖတ်ကြည့်ပါရှင့်။
ဆက်စပ်မေးခွန်းများ
အရွက်တွေက အဲ့လိုဖြစ်နေတယ် ဘာရောဂါလဲ ဘယ်ဆေးတွေဖျန်းရမလဲ လမ်းညွှန်ပေးပါအုံး
ဖြေကြားချက် 1 ခု
ပင်စည်မှာ အမဲကွက်တွေ ဘာဆေးပက်ရင်အဆင်ပြေမလဲခင်ဗျ
ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပံပါအတိုင်းဘာဖြစ်လဲဗျ
ဖြေကြားချက် 1 ခု
စောပင်နာကျရောဂါကအပင်ငယ်လည်းဖြစ်လားဗျ
ဖြေကြားချက် 1 ခု
ခရမ်းချဥ် ရိုးမဲ ရောဂါကျနေတယ်ပြောလို့ရိုးမဲကဘယ်လိုရောဂါလည်းဗျ ဘယ်လိုဆေးတွေကနိင်လည်းဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။