စပါးရွက်မှာ ဒီလိုပိုးတွေ အများကြီး တွေ့တယ်ခင်များ ဘာပိုးလဲ ဘာဆေးသုံးရမလဲ ကျေးဇူပြုပြီး ဖြေပေးပါအုံးခင်များ
မိတ်ဆွေးပိုးတွေပါ လိပ်ခုံးကျိုင်းပါဆေးမဖြန်းပါနဲ့
လူကြီးမင်းရဲ့ပုံထဲက အဝါရောင်က ရုပ်ဖုံးအဆင့်ပါ။ အမဲရှည်တွေက သားလောင်းအဆင့်ပါ။
အခုလို မအားမလပ်ကြားထဲက ဖြေပေးတဲ့အတွက် ကျေးဇူအထူးတင်ပါတယ် ဆရာ
သားလောင်းကမတူသလိုပဲ ဆရာ ဆရာပုံလာတဲ့ပုံမှာ အဝါရောင်သားလောင်းမပါပါလား ဆရာ
အပေါ်က မေးခွန်းတစ်ခုမှာ ဆရာ ဒေါက်တာကိုကို ဖြေပေးထားတယ်ဗျ။ "လိပ်ခုံးကျိုင်းသားလောင်းအဆင့်ပါ။ မိတ်ဆွေပိုးပါ။ အရွယ်ရောက်လာရင် ဖြုတ်ဥတွေကို စားပါတယ်"
ဟုတ်ကဲ့ပါ ဆရာ ကျေးဇူအထူးတင်ပါတယ် LARVAနဲ့တော့ ဆင်တူတယ်နော် ဆရာ
ကျွန်တော် ကျွမ်းကျင်တဲ့ ဆရာကြီးတွေကိုတော့ သေချာအောင် ပြန်မေးထားပါတယ်။ ပုံတွေအရတော့ လိပ်ခုံးကျိုင်းဖြစ်ဖို့များပါတယ်။ လိပ်ခုံကျိုင်းကတော့ စပါးမှာ အကျိုးပြုမိတ်ဆွေပိုးအဖြစ် IRRI ကလည်း သတ်မှတ်ထားတာ တွေ့ရပါတယ်။ စပါးရွက်တွေ ဝါပြီးခြောက်တာ အခြားပိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကျွန်တော် အဖြေသေချာသိရရင် ပြန်ဖြေပေးပါမယ်ဗျ။
စပါးရွက်တွေကို ကိုက်ဖြတ်စားတယ်ထင်တယ် စပါးရွက်တွေမှာဝါပြီး ခြောက်သွားတယ် ခင်များ
အပင်ကို ဘယ်လိုဖျက်ဆီးတာလဲ ပြောပြပါလား? ကျွန်တော်တော့ မတွေ့ဘူး။ လိပ်ခုံးကျိုင်း အကောင်ပေါက်တွေလားလို့။
ဆက်စပ်မေးခွန်းများ
ကျားပျံံံစိုက်ခင်းလေးဒီပိုုးးဝင်နေတာဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 5 ခု
ေလးစားရပါေသာပညာရှင်များခင်ဗျား ကျွန်တော်တုိ့ေတာင်သူအများစုဟာ ဖျက်ပုိး နဲ့ မိတ်ေဆွပုိးမသိသူများကြပါတယ် ဒါေြ...
ဖြေကြားချက် 0 ခု
ကျနော် တို့တောင်သူတွေ အများ သိစေချင်လို့ မိတ်ဆွေ ပိုးများနှင့် သီးနှံ ဖျက် ပိုးများ ခွဲ ခြားသိ ရှိနိုင်ရန် ပုံ...
ဖြေကြားချက် 2 ခု
စပါးရွက်မှာ ဒီလိုပိုးတွေ အများကြီး တွေ့ပါတယ် ခင်များ ဘာပိုးလဲ ဘာဆေးသုံးရမလဲ ပြောပြပေးပါအုံးခင်များ
ဖြေကြားချက် 9 ခု
ဘာပိုးလဲမသိဘူး ဘာဆေးတွေဖျန်းရမလဲ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။