အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ဇင်မင်းထက်
လွန်ခဲ့သော ၅ နှစ် က · ပြည်

ကောက်ရိုးမှိုစိုင်ရာမှာအလင်းပိတ်တာလပတ်အုပ်လို့ရပါလား တာလပတ်နဲ့အုပ်ရင်ပလတ်စတစ်ကောအုပ်ရသေးလားတာလပတ်ချည်းဆိုဂင်အဆင်ပြေပါလား

စိုက်ပျိုးနည်း မှို (ကောက်ရိုးမှို)

ဖြေကြားချက် ၃ ခု

ဦးဗန်ဗျက်ဖုန်း
ဦးဗန်ဗျက်ဖုန်း 870 လွန်ခဲ့သော ၅ နှစ် က

တာပေါ်လင်နဲ့အုပ်စိုက်မယ်ဆိုရင် အရိပ်ထဲမှာဖြစ်ဖြစ် နေ နေ့တစ်ဝက်ရတဲ့နေရာမှာစိုက်စေချင်ပါတယ် သူ့ကြီးသက်သက်ဆိုရင် အပူအရမ်းများပြီးမှိုဘောင်အပူချိန်၄၀ကျော်သွားရင် မှိုမျိုးသေပါတယ် အပူချိန်ကို မှိုမျှင်မွေးကာလ၅ရက်မှာ ၃၂နဲ့၃၈ကြားတွေမှာမှိုမျှင်ဖြစ်ထွန်းပါတယ် မေးခွန်းအရဆိုရင် တာပေါ်လင်မသုံးပါနဲ့ ပလက်စတစ်အကြည်စကိုသုံးပေးပါ ပြီးမှ အပေါ်အုပ်ကို ကောက်ရိုး သက်ကယ် ဂုဏ်နီအိတ် မြက် ဓနိ ထန်းရွက် ဂျပ်စက္ကူစတာတွေအုပ်ပေးလို့ရပါတယ်

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,049 လွန်ခဲ့သော ၅ နှစ် က

နေရာနဲ့ ရာသီဥတုပေါ်မူတည်ပါတယ်။ အုပ်ရတဲ့ရည်ရွယ်ချက်က အပူတက်ဖို့နဲ့ အလင်းပိတ်နိုင်ဖို့ပါ။ ပုံမှန်သုံးလေးရှိတာကတော့ ပလပ်စတစ်အကြည်သုံးပြီး အပေါ်ကနေ ကောက်ရိုးထပ်အုပ်ပါတယ်။​ အကြည်ဖြစ်တဲ့အတွက်ကြောင့် အထဲမှာ ဘာလိုဖြစ်နေလဲဆိုတာကို ကောက်ရိုးနည်းနည်းဖယ်ပြီး ကြည့်လို့ရတယ်။​ ပလပ်စတစ်ကို လှန်စရာမလိုတဲ့အတွက်ကြောင့် အပူလည်း မလိုအပ်ဘဲ မထွက်တော့ဘူးပေါ့။ ဆောင်းရာသီလိုမျိုးဆိုရင်တော့ အပူစုပ်အောင် ပလပ်စတစ် အမဲရောင်သုံးကြပါတယ်။​

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

စိုက်ဖူးတဲ့သူဆီက သိရတာ ရပါတယ်တဲ့ရှင့်။ ပလပ်စတစ်မလိုပါဘူး အဲ့တစ်ထပ်ထဲ အသုံးပြုလို့ရပါတယ်။ လိုအပ်တဲ့အစိုဓာတ်တိုင်းကိုပေးနိုင်ရင် ကောင်းစွာဖြစ်ထွန်းမှာပါရှင့်။ အဆင်ပြေပါစေ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။