အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aungkokhant
Aungkokhant 524
လွန်ခဲ့သော ၅ နှစ် က · ရေး

ပဲကို သို​လှောင်ရာတွင် တာရှည်ခံပြီးလတ်ဆက်​အောင် ပဲအိတ် အတွင်း ထည့်​သော ​ဆေးကို သိချင်ပါတယ်

တန်ဘိုးမြှင့်ထုတ်ကုန် ကုလားပဲ

ဖြေကြားချက် ၄ ခု

Aungkokhant
Aungkokhant 524 လွန်ခဲ့သော ၅ နှစ် က

​ကျေးဇူးပါ

သန်းထိုက်ဝင်း
သန်းထိုက်ဝင်း 5,343 လွန်ခဲ့သော ၅ နှစ် က

ပဲအိတ် ထဲ တိုက်ရိုက်ထည့်ရတဲ့ ဆေး တော့ မကြားဘူးပါ၊ လက်တွေ့လုပ်ဘူးသော နည်း စနစ်တစ်ခု မျှဝေချင်ပါသည်။ သုံးတဲ့ဆေး ကတော့ ဆဲလ်ဖို့ (celphod) Aluminium Phosphate ပါ အဆိပ်ငွေ့မှိုင်းတိုက် ဆေးပြားပါ၊ ရေနှင့်ထိလျှင် မီးလောင်ပါသည်။ အစိုဓါတ်များ၊ စိုထိုင်းဆများသောပါတ်ဝန်ကျင်တွင် အသုံးမပြုသင့်ပါ၊ မိမိ ပိုးသတ်လိုသော သီးနှံမှာ လည်း ‌လုံလောက်စွာ ခြောက်သွေ့နေရပါမည်။ ပဲဆိုလျှင် ၁၄%နှင့် အောက်တွင် ရှိသင့်ပါသည်။ အသုံးပြုပုံးမှာ ပဲများကို ဆာလာအိတ်များတွင် ထည့်၍ လုံခြုံစွာ ထုပ်ပိုးထားရပါမည်။ ပဲအိတ်များ ကို သိုလှောင်ရုံ သုံး pallet ခေါ် ကြမ်းခုံ ပေါ်တွင် ပြိုမကျအောင်စီစီညီညီ ထပ်ထားသင့်ပါသည်။ ဆေးပြား အသုံးပြုရမည့် နှုံးထားမှာ ကုန်ပစ္စည်း တစ်တန်လျှင် ဆေးပြား 3ပြား မှ 5ပြား သုံးသင့်ပါသည်။ မိမိ ပိုးသတ်လိုသော ကုန်ပစ္စည်းများ တင်ထားသော ကြမ်းခုံအောက်တွင် ပုလင်းဘူးခွံ အပိတ် တွင် ထည့် ၍ ညီမျှသော အကွာအဝေး ထား၍ ချထားရပါမည်။ ထိုသို့ချထား ပြီးပြီးခြင်း သီနှံ ပုံအား မိုးကာ သို့မဟုတ် ပလတ်စတစ်စ ဖြင့် လေလုံအောင် ဖုံးအုပ်ထားရပါမည်။ အဆိပ်ငွေ့ မထွက် စေရန် လုံခြုံ ဘို့ ‌လိုအပ်ပါသည်။ ပါတ်ဝန်းကျင်အပူချိန် 25' ဆင်တီဂရိတ် အထက်တွင် ၃ ရက်ကြာအောင် ထားရပါသည်။ ၃ရက်ကျော်မှ အဖုံးအကာ ကိုလှပ် နိုင်ပါသည်။ ၇ ရက် အထိထားနိုင်ပါက ပိုကောင်းပါသည်။ ၆ လပြည့်လျှင် နောက်ထပ်တစ်ခါ ပိုးပြန်သတ်ရန် လိုအပ်ပါသည်။

Aungkokhant
Aungkokhant 524 လွန်ခဲ့သော ၅ နှစ် က

အက်စရင်း​ဆေးပြား..ဘယ်မှာဝယ်လို့ရပါသလဲ..ကူညီ​ဖြေကြား​ပေးလို့..​ကျေးဇူးအထူးတင်ရှိပါသည်

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

သိုလှောင်ခြင်း - သန့်ရှင်းသော ပုတ်၊ အိတ်နှင့် သံပုံး စသည်တို့ဖြင့် သိုလှောင်ပါ။ - သိုလှောင်ကာလတွင် ကျရောက်လေ့ရှိသော ပိုးများကို အက်စရင်ဆေးပြားများကို အသုံးပြု၍သော်လည်းကောင်း အဖုံးပါသော ပုံးတွင် တမာရွက်များကို ထည့်၍ မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ကာကွယ်နိုင်ပါသည်။ ပိုးများမကျရောက်အောင် အထက်ပါနည်းနဲ့ ကာကွယ်ပါတယ်တဲ့ရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။