အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung myint Mo
လွန်ခဲ့သော ၄ နှစ် က · အုတ်ဖို

နွားမျက်လုံးမှာတိမ်တွယ်နေလို့ဘာလုပ်ရမလဲဗျ

ကျန်းမာရေး နွား

ဖြေကြားချက် ၃ ခု

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

ကျွဲ၊ နွားများအတွက် တိုင်းရင်းဆေးနည်းများ စာတန်းလေးကိုနှိပ်ပြီးဖတ်လို့ရပါတယ် ။ဆေးနည်းတွေ ပါ ပါတယ် ။

ဦးကျော်ကျော်အောင်
ဦးကျော်ကျော်အောင် 758 လွန်ခဲ့သော ၄ နှစ် က

လူရဲ့ လက်မောင်းသွေးကိုဖေါက်ပြီး ထန်းလျှက်စစ်စစ်နဲ့သွေးပြီ လိမ်းပေးပါ

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၄ နှစ် က

၃။ ကုက္ကိုပင် သင်္ဘောကုက္ကိုနှင့် မြန်မာကုက္ကိုလ်( ၂ ) မျိုးရှိသည့်အနက် သင်္ဘောကုက္ကိုသည် ကျွဲ ၊ နွားများအတွက် ဆေးဘက်အဝင်ဆုံးဖြစ်သည်။ ကျွဲ၊ နွား၊ မြင်းများတွင် ပြင်ပထိခိုက်မှု့ကြောင့် မျက်လုံးတိမ်သားစွဲရာမှ မျက်ဝန်း တစ်ခုလုံးသည် ဖြူလာတတ်သည်။ သို့ဖြစ်လျှင် ယမ်းစိမ်းနှင့် ကုက္ကိုစေ့ကို ငါးမူးသားစီ အညီအမျှစု၍ ကျောက်ဆုံတွင် ထည့်ထောင်းပါ။ အဝတ်ပါးနှင့် အမှုန့်ကို စစ်တိုက်ယူရမည်။ ထို့နောက် ကုက္ကိုရွက်ကို ညှစ်၍ ယူထားသော သတ္တုအရည်နှင့်ဆေးမှုန့်ကို ရေဖျော်ပြီး တစ်နေ့(၂) ကြိမ် (၃) ကြိမ် ကွမ်းရိုးဖြင့်မျက်စိအပေါ် ဆွဲ ခပ်ပေးခြင်းဖြင့် တိမ်သလာများ ကွာကျသွားစေပါသည်။ မျက်ဝန်းအရောင်သည်လည်း တဖြည်းဖြည်း နဂိုအရောင်သို့ရောက်သွားပါမည်။ သို့သော် မီးခိုးမှိုင်းများ မျက်စိထဲမဝင်အောင် သတိပြုရမည်။ သွေးနှင့်လေ မကွဲသော မြင်းသရိုက်၊ သွေးဝမ်းကိုက်ရောဂါဖြစ်သည့် ကျွဲ၊ နွားများတွင် စအိုဝ လန်ထွက်လာသည်အထိ ဝမ်းသွားသည်အထိ ဝမ်းသွားချင်၍ ညစ်ထုတ်နေသော်လည်း သွေးတစ်စက်ချင်းသာကျလာပြီး ဝမ်းမလိုက်ဘဲ အရိအရွဲများသာ ကျဆင်းလာတတ်ပါသည်။ ကျွဲ ၊ နွားများမှာလည်း အလွန်ပင်ပန်းလွန်းသောကြောင့် မျက်တွင်းချောင်ကာ ပိန်ချုံးလာတတ်ပါသည်။ ထိုသို့ဖြစ်လျှင် ကုက္ကိုစေ့ကိုလှော်၍ ညက်နေအောင်ထောင်းပြီး ကြောင်ပန်းရွက်ပြုတ်ရည်နှင့် ရေစပ်တိုက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းသွားစေပါသည်။ ဆောင်းပါးအပြည့်အစုံကိုတော့ ဒီမှာ ကျွဲ၊ နွားများအတွက် ဆေးဘက်ဝင် သဘာဝသစ်ပင်များ ဖတ်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။