ဧရာမင်း စိုက်ခင်း ရွတ်ဖျားတွေခြောက်နေလို့ ဘာဆေးဖျန်းရမလဲဗျ
ပုံပါလက္ခဏာကိုကြည့်ရတာ ဘက်တီးရီးယားရွက်ခြောက်ရောဂါလို့ထင်ပါတယ်ရှင့်။ "ရောဂါအနာပြောက်များကို ခွဲခြားစစ်ဆေးခြင်း စိုက်ခင်းရှိ အပင်ရင့်များပေါ်တွင် အနာပြောက်များသည် ရေစိုနာအစက်မှနေပြီး အဝါရောင်၊ လိမ္မော်ရောင် အစင်းများအဖြစ် ရွက်ပြားပေါ်တွင်၎င်း၊ အရွက်ထိပ်တွင်၎င်း အရွက်၏ဒါဏ်ရာရနေသော အစိတ်အပိုင်းတွင်၎င်းဖြစ်ပေါ်သည်။ အနာပြောက်တွင် လှိုင်းတွန့်ပုံသဏ္ဍန်အနားပါရှိပြီး အရွက်ရင်းအထိ ကျယ်ပြန့်သွားသည်။ နုသောအနာပြောက်များတွင် ဘက်တီးရီးယားစိမ့်ထွက်ရည်များကို နံနက်ခင်း၌နို့နှစ်ရောင်နှင်းစက် ကဲ့သို့တွေ့မြင်နိုင်ပါသည်။ ၎င်းဘက်တီးရီးယားစိမ့်ထွက်ရည်စက်များသည် နောက်ပိုင်းတွင်ခြောက်သွေ့ သွားပြီး အရွက်၏အောက်မျက်နှာပြင်တွင်အဝါရောင် ပုတီးစေ့ကဲ့သို့တွေ့မြင်ရသည်။ အနာပြောက်များ ရင့်လာသောအခါ အဝါရောင်မှအဖြူရောင်သန်းသည့်မီးခိုးရောင်သို့ပြောင်းလာပြီး သက်မဲ့စားမှိုများ ဝင်ရောက်ပေါက်ပွား သဖြင့် အနက်စက်လေးများကိုတွေ့ရသည်။ ရောဂါပြင်းထန်စွာကျနေသောအရွက်များ ပေါ်တွင် အနာပြောက်သည် ရွက်ဖုံးသို့တိုင်အောင်ကျယ်ပြန့်သွားသည်။ " ရောဂါအခြေအနေပါ စပါးခင်းရဲ့အခြေအနေကိုစစ်ဆေးကြည့်ပြီး စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ ကာကွယ်နှိမ်နင်းနည်ကို ဒီဆောင်းပါးမှာ လေ့လာကြည့်ပါရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါအကြောင်းရှင်းပြပေးပါ
ဖြေကြားချက် 1 ခု
ဘာရေားဂါဖြစ်တာလည်းဗျာ
ဖြေကြားချက် 2 ခု
ရွက်ဖျားခြောက်ရောဂါကျရင်ဘာလုပ်သင့်ပါသလဲ
ဖြေကြားချက် 1 ခု
စပါးပင် အောက်လက်ပြိုပြီ ရွက်ဖျားခြောက်ပြီးလိမ်နေပါတယ် ဘယ်လိုလုပ်ရမှာလဲ ဆရာ
ဖြေကြားချက် 2 ခု
စပါးပင်မှာ ပုံပါအတိုင်ရောဂါတွေ့လို့ ဘာရောဂါလည်းမသိ ဘာဆေးဖျန်ရပါမလဲဗျ။
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။