အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၄ နှစ် က · ဇလွန်

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ကျွန်တော့်ငရုတ်စိုက်ခင်းထဲမှာငရုတ်ပင်တွေညှိးသေနေတာကိုပုံနှင့်တ...

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ကျွန်တော့်ငရုတ်စိုက်ခင်းထဲမှာငရုတ်ပင်တွေညှိးသေနေတာကိုပုံနှင့်တကွပြပေးထားပါတယ်။ငရုတ်အပင်တွေညှိးသေနေတာကစိုက်ခင်းရဲ့နေရာတိုင်းမဟုတ်ဘဲမိုးတွေရွာလို့ရေဝပ်တဲ့နေရာဖြစ်ပါတယ်။ဘာဆေးဖျန်းပေးရမလဲညွှန်ကြားပေးပါဦးခင်ဗျာ။

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်ဘက်တီးရီးယားပင်ညှိုးရောဂါ
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ပါတယ် ဘတ်တီးရီးယားကြောင့် ညိုးတာဖြစ်ဖို့များပါတယ် အပင်အပေါ်ပိုင်းလေးပါပို့ပေးရင် ပိုခွဲရလွယ်ပါမယ်နော်၊ လောလောစယ် သေတဲ့အပင်တွေနှုတ်ပေးပါ၊ ရေဆင်းအောင် ရေမဝပ်အောင် လုပ်ပေးပါနော်၊

270,769 လွန်ခဲ့သော ၄ နှစ် က

ဘက်တီးရီးယားပင်ညှိုးရောဂါဖြစ်နေတယ်ထင်ပါတယ်ရှင့် လက္ခဏာတွေစစ်ကြည့်ပါ ပင်ညှိုးရောဂါဖြစ်ရင် အရွက်မဝါပါဘူး၊ ပင်စည်၏အောက်ပိုင်း အစာရေကြောစည်းနှင့် အမြစ်တို့သည် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရတတ်ပါတယ်။ ပင်စည်၏ အောက်ပိုင်းကို ကန့်လန့်ဖြတ်၍ ရေထဲတွင် နှစ်ကြည့်ပါက နွားနို့နှစ်ရောင် ဘက်တီးရီးယားစိမ့်ထုတ်ရည် ထွက်ရှိလာသည်ကို မျက်စီဖြင့်မြင်နိုင်ပါတယ်။ ငရုတ် ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial wilt) ကုသနည်းအပြည့်အစုံကို ဒီဆောင်းပါးမှာဖတ်ကြည့်ပါရှင့်၊

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။