ပုံထဲကအတိုင်း ကျွန်တော့်ပဲပင်လေးတွေ အညွှန့်လေးတွေ ခွာကျပြီး တစ်ချို့အရွက်လေးတွေ ကုတ်ပြီး အပင်လေးတွေက မစွမ်းမသန်ဖြစ်နေလို့ပါ။ သိတဲ့ဆရာများများ တောင်သူဦးကြီးများ အကြံလေးပေပါဦး။ ဘာတွေသုံးရမလဲ ဘာတွေလုပ်ရမလဲဆိုတာ
ပုံအရဆိုရင်တော့ ရွက်ထွင်းပိုးအနဲငယ်တွေ့ရပါတယ်၊ စုပ်စားပိုးကျထားတဲ့ လက္ခဏာလဲရှိတဲ့အတွက် အဆိပ်မှိုင်း အာဏိသင်ရှိပိုးသတ်ဆေးတစ်ခုခုကို သုံးနိုင်ပါတယ်၊ ဥပမာ စဉ်းစားရန် ဆေး အေအိုင် (အဆိပ်ရှိ/အစွမ်းရှိပစ္စည်း) ကလိုပိုင်ရီဖော့ Chlorpyrifos သို့မဟုတ် ပရိုပန်နိုဖော့ (Profenofos) ဆေးကိုသုံးနိုင်ပါတယ်၊ ဆေးမသုံးချင်ရင်တော့ ပေါင်းမြက်များကို သေခြာနိုင်နှင်းအောင်ထိန်းပါ၊ စနစ်ကျသောစိုက်ပျိုးနည်းဖြင့်စိုက်ပျိုးပါ အသေးစိတ်ကိုတော့ greenway စိုက်နည်းပျိုးနည်းထဲက ပဲတိုင်ထောင်စိုက်နည်းမှာ လေ့လာကြည့်ပေးပါအူးနော်၊
ဆက်စပ်မေးခွန်းများ
ကျွန်တော့်ပဲပင်လေးတွေအညွှန့်လေးတွေခြောက်နေလို့ပီးတော့အရွက်ပါကုတ်
ဖြေကြားချက် 2 ခု
ပဲတိုင်ထောင် ဘယ်လို ရာသီးဥတု မှာစိုက်လို့ရပါသလဲ ခင်ဗျာ့
ဖြေကြားချက် 4 ခု
ပဲဖက်ပုတ်ရည်တွင်ဆန်ဆေးရည်ထည့်သုံးလို့ရနိုင်လားခင်ဗျာ
ဖြေကြားချက် 1 ခု
ကြက်ဥခွံနဲ့သီးပွင့်အားဆေးလုပ်နည်းလေးအလင်းပြပါဆရာသမားတို့
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည် ပင်မှာအဲလိုဖြစ်နေလို့ဘာရောဂါလို့ခေါ်ပါသလဲ ဘာဆေးဖျန်းရမှာတုန်းဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။