ကိုဖုန်းမာန်တိုးခင်ဗျားယခုပုံပါအတိုင်းမြေပဲမျှားများဟာဥဖြစ်မူ့နဲပြီးကြာနေပါတယ် ကြီးထွားမူ့လဲနဲနေပါတယ်ဗျ ဘာကြောင့်ဖြစ်နေတာသိပါရစေ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
မြေပဲရဲ့သဘောသဘာဝအရဒီလိုဖြစ်တာပါ.နောက်မှပွင့်ပြီးဖြစ်လာတဲ့အတောင့်တွေနဲ့..အောက်ဆုံးသီးကိုင်းမှမဟုတ်ဘဲအပေါ်ဖက်ကကိုင်းတွေကအသီးအများစုဟာ နှုတ်သိမ်းချိန်မှာနုနေတာနဲ့အသီးတောင့်မဖြစ်သေးတာပါ.မြေပဲပင်အများစုကပုံပါအတိုင်းတွေ့ရမှာပါ.စိတ်မပျက်ပါနဲ.။အောင်မြင့်တဲ့အတောင့် ၂၀ မှ ၃၀ ရှိတယ်ဆိုရင်အခြေ အနေကောင်းပါတယ်. အပင်အားလုံးနှုတ်ကြည့်ရင် အဆံပြည့်ဝတဲ့မြေပဲတောင့်တွေဖြစ်ဖို့ဆိုရင် နောက်ဆုံးပေါင်းလိုက်ပြီးနောက် ကြားထွန်ဝင်ချိန်မှာဂျစ်ပဆန်ကျောက်မှုန့်ထည့်ပေးသင့်ပါတယ်.အမှုန့်ဖြစ်တာကြောင့်ထည့်သွင်းချိန်မှာအခက်အခဲမဖြစ်အောင် နွားချေးဆွေးမှုန့်နဲ့ရောပြီးအပင်ခြေရောက်အောင်ထည့်ပေးသင့်ပါတယ်။
ရောဂါကြောင့်မဟုတ်ပါ၊ ပိုးလဲမဟုတ်ပါ၊ ဒီပုံအရဆိုရင် မြေက သဲဆန်မယ်ထင်ပါတယ်၊ အဟာရဓာတ် ရှိရင်းစွဲ မြေဆီ နဲပါမယ်၊ ဒါကြောင့်မလို့ လတ်တစ်လောမာတော့ အထက်က ကိုရဲသူရပြောထားတဲ့ နည်းလမ်းနဲ့ ဖြေရှင်း၍ ရေရှည်အတွက်မှာတော့ သဘာဝမြေဆွေးများထည့်ပြီး မြေသားရဲ့တည်ဆောက်မှု အဟာရထိန်းနိုင်စွမ်းတို့ကို ပိုကောင်းအောင်လုပ်ပေးပါ၊
ကျွန်တော်ယူဆထားမိတာပြောပါမယ်။ ပုံကိုကြည့်ရတာ ပိုး/ရောဂါ ကျရောက်ဖျက်ဆီးမှူကြောင့်လို့မထင်ပါ။ အာဟာရ ဖြည့်ဆည်းမှူအပိုင်းအရ မြေပဲဟာ စွယ်ချချိန်မှာ ကယ်လ်ဆီယမ်၊ဆာလဖာ ဓာတ်များဖြည့်ပေးနိုင်ရင် အစေ့အဆံအောင်မြင်ပြီး ဆီထွက်နှူန်းမြင့်မားစေပါတယ်၊တောင်သူအနေဖြင့် မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆန် မြေသြဇာ တစ်ဧကလျှင် 25kg နှစ်အိတ်နှူန်းထည့်သွင်းပေးပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ကျွန်တော့်မြေပဲခင်းပံုပါအတိုင်းအပင်တွေကွက်ကွက်သေနေလို့ဘာဆေးဖြန်း၇မလဲဗျာ၄လမြေပဲပင်ပြန့်ပါ
ဖြေကြားချက် 2 ခု
ပင်နာတွေကျရောက်လို့ ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 1 ခု
ပင်နာကျရောက်
ဖြေကြားချက် 1 ခု
မြေပဲတွေ ညှိုပီးသေနေလို့ခင် နောက်ဆက်မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဗျ
ဖြေကြားချက် 1 ခု
မြေပဲမှာ အောက်လက်တွေဝါနေလို ့ဗျာ့ ဘာဖြစ်တာလဲ မသိဘူး
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။