အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sam
Sam 4
လွန်ခဲ့သော ၄ နှစ် က · မိုးမောက်

ခရမ်းသီး အသီးသိပ် မသီးလို့ ပါ ဘာကြောင့်ဖြစ်တာပါလဲ ။ သိချင်လို့ပါ။

ပိုးမွှားရောဂါ ခရမ်းသီး

ဖြေကြားချက် ၂ ခု

အမည်မသိ
အမည်မသိ 844 လွန်ခဲ့သော ၄ နှစ် က

ကျွန်တော်စိုက်တုန်းကတော့ တစ်ပင်ကို ခုနှစ်ဆယ်သားလောက်ထွက်တယ်ဗျ၊ အဲဒါ အပြုတ်သီးနော် အလံုးအကြီးကြီးတွေသီးတဲ့မျိုးမဟုတ်သေးဘူး။ ကျွန်တော်က အပေါ်ကနေ စူပါပီကေဖျန်းတယ်၊ တစ်ချိန်တည်းမှာပဲ အပင်ခြေရင်းကနေ လေးလက်မလောက်ခွါပြီး ပုလဲနဲ့အာမိုကို တူးဝမ်းထည့်ပြီး ရေအဝလောင်းတာပဲဗျ။

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၄ နှစ် က

အချိန်မှန်စွာ ပေါင်းရှင်းပေးခြင်း၊ မိုးစိုက်ခရမ်းဖြစ်ပါက ရေမဝပ်စေရန် မြေတောင်မြှောက်ပေးခြင်း၊ ဘောင်လုံးခြင်းနှင့် ဆောင်းစိုက်ခင်းတွင် အစိုဓါတ်ထိန်းနိုင်ရန် ကောက်ရိုး၊ မြတ်ခြောက်များ အုပ်ပေးခြင်း၊ မြေတောင်မြှောက်ချိန်တွင် ယူရီးယားကို ထပ်မံထည့်သွင်းပေးခြင်း၊ အသီးအလေးချိန်ကြောင့် အပင်ယိုင်လဲမှုများ မဖြစ်စေရန် တိုင်ထောင်ပေးခြင်း များ ပြုလုပ်ပေးရပါမည်။ ခရမ်းသီးခူးပြီး အသီးထွက်မှု ကျသွားသော်လည်း လမိုင်းထားခြင်းဖြင့် အသီးကို ထပ်မံရယူနိုင်ပါသည်။ ပင်ခြေမှာ (၃) ဆစ်ခန့်ချိန်၍ (၆လက်မမှ ၈လက်မ) အမြင့်ခန့်တွင် ပင်စည်ကိုဖြတ်၍ အစားအရေစာ ထပ်မံဖြည့်တင်းခြင်းဖြင့် ဖြတ်ပြီး (၁)လတွင် အသီးကို စတင်ခူးနိုင်ပါသည်။ အပင်ပြုစုနည်ကို ဒီ ခရမ်းသီး စိုက်ပျိုးနည်း ဆောင်းပါးကနေ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်ရှင့်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။