ဖြေကြားချက် ၂ ခု
Thank you so much
မြေဆီလွှာနဲ့မြေနေရာ ကော်ဖီစိုက်ပျိုးမည့် မြေသည် ရေစီးရေလာကောင်းမွန်သော၊ ရေမဝပ်သောမြေဖြစ်ရန်လိုအပ်ပြီးရွံ့စေးမြေမဖြစ် ရ။မြေသားထုအနက်အနည်းဆုံး(၄)ပေအထက်ရှိသောမြေကို ရွေးချယ်ရမည်။မြေချဉ်ငံဓါတ်(PH5.5-6.5)ရှိသော မြေကို ကြိုက်နှစ်သက်သည်။ ကော်ဖီသီးနှံသည် ပင်လယ်ရေမျက်နှာပြင်အမြင့် အာရေးဗီးကားဖြစ်လျှင် ၂၅၀၀ပေအထက်၊ ရိုဘာစတာဖြစ်လျှင် ၂၅၀၀ပေအောက်၊ အပူချိန် ၁၅ဒီဂရီစင်တီဂရိတ်မှ ၂၅ဒီဂရီစင်တီဂရိတ်(အာရေးဗီးကား)၊ အပူချိန်၂၀ဒီဂရီစင်တီ ဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်(ရိုဘတ်စတာ)၊ စိုထိုင်းဆ ၇၀-၈၀ရာခိုင်နှုန်း(အာရေးဗီးကား)၊နှင့် ၈၀-၉၀ရာခိုင်နှုန်း (ရိုဘတ်စတာ)ရှိရန်တစ်နှစ်အတွင်းမိုးရေချိန်လက်မ ၆၀-၈၀(အာရေးဗီးကား)၊ ၆၀-၁၀၀လက်မ(ရိုဘတ်စတာ) ရရှိရန်လိုအပ်ပါသည်။ အရိပ်ပင်နှင့်တွဲဖက်စိုက်ပျိုးသင့်ပါသည်။ အာရေးဗီးကားကော်ဖီသည် တစ်နှစ်လုံးမိုးပျံနှံ စွာရွာခြင်းကို ပိုကြိုက်နှစ်သက်ပါသည်။ မြေအနေအထားစောင်းပါက ကွန်တိုစနစ်ဖြင့်လည်းကောင်း၊ လှေကား ထစ်စနစ်ဖြင့်လည်းကောင်းစိုက်နိုင်သည်။ ရေ ကော်ဖီသီးနှံအတွက် လိုအပ်သောရေပမာဏကို တွက်ချက်စီစစ်၍ ရေပေးသွင်းရမည့် မြေအမျိုးအစား၊ သီးနှံရေလိုအပ်ချက်အပေါ်မူတည်၍ အပင်ငယ်စဉ်တွင် အရိပ်ပင်ကောင်းစွာမဖြစ်ထွန်းမီတစ်ပတ်လျှင်(၁)ကြိမ် ရေ(၂)ဂါလံနှုန်း ရေပေးသွင်းသင့်ပါသည်။ အရိပ်ပင်ကောင်းမွန်စွာဖြစ်ထွန်းပါက နွေရာသီတွင် ရေလိုအပ်မှုနည်းစေပြီး ကော်ဖီပင်ခြေဖုံးပေးခြင်း ဖြင့်လည်း အစိုဓာတ်လိုအပ်ချက်ကို လျှော့ချနိုင်ပါသည်။ စိုက်ခင်းအတွင်း ရေပေးသွင်းရန်ရေကန်၊ ချောင်း၊ မြောင်း၊ မြေအောက်ရေရရှိမှု၊ ပိုက်စနစ်များကိုကြို တင်ပြင်ဆင်ရမည်။ နည်းပညာပိုင်းအရထောက်ခံထားသော မြေသြဇာကျွေး ခြင်းနှင့် ရွက်ဖျန်းမြေသြဇာကျွေးခြင်းနည်းစနစ်များ၊ ရေသွင်းချိန်တွင် မြေသြဇာကျွေးခြင်းစနစ်များ၊ မြေသြဇာ ကျွေးရမည့်နှုန်းထားများအတိုင်းလိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ မြေသြဇာ ဓါတ်မြေသြဇာတလှည့် သဘာဝမြေသြဇာတလှည့်ကျွေးပေးခြင်းလည်း ကော်ဖီသီးနှံအထွက်ကောင်း မွန်စေပါသည်။ မြေသြဇာမကျွေးခင်အပင်ခြေမှပေါင်းမြက်များပြောင်အောင်ရှင်းထားရမည်။ အသီးခူးပြီးသည် နှင့် မြေသြဇာကျွေးပြီးသင့်တော်သောရေပေးစနစ်ဖြင့် တပတ်တကြိမ် ရေပေးသွင်းလျှင် အရည်အသွေးကောင်း ပြီး အထွက်တိုးစေပါသည်။ စမ်းသပ်ကွက် (၁ဧက) မြေသြဇာမှတ်တမ်း (N:P:K) ပထမနှစ် - ၅၀ကီလိုအိတ်(၁းဝ.၅းဝ.၅) ဒုတိယနှစ် - ၅၀ကီလိုအိတ်(၁းဝ.၅းဝ.၅) တတိယနှစ် -၅၀ကီလိုအိတ်(၁းဝ.၅း၁) စတုတ္ထနှစ် - ၅၀ကီလိုအိတ်(၁.၅းဝ.၇၅း၁.၅) ပဉ္စမနှစ် - ၅၀ကီလိုအိတ်(၁.၅းဝ.၇၅း၁.၅) ဆဌမနှစ် - ၅၀ကီလိုအိတ်(၂း၁း၂) သတ္တမနှစ် - ၅၀ကီလိုအိတ်(၂း၁း၂) အဌမနှစ် - ၅၀ကီလိုအိတ်(၂း၁း၂) နဝမနှစ် - ၅၀ကီလိုအိတ်(၂း၁း၂) ဒသမနှစ် - ၅၀ကီလိုအိတ်(၂း၁း၂) သဘာဝမြေသြဇာအသုံးပြုခြင်း ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာကိုသာ အသုံးပြုရမည်။ ကျွဲ၊နွား၊တိရစ္ဆာန်အညစ်အကြေး များ၊ ကြက်၊ဝက်၊ ဆိတ်စွန့်ပစ်ပစ္စည်းများကိုအသုံးပြုနိုင်သည်။ တီကောင်မွေးမြူ၍ တီကောင်စွန့်ပစ်ပစ္စည်များကို သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်သည်။ ကော်ဖီ စွန့်ပစ်အသီးခွံအစို၊ အခြောက်များရှင်းထုတ်ထားသော ပေါင်းမြက်များကို အသုံးပြု၍ အီးအမ်ဘိုကာရှီဖြင့် သဘာဝမြေဆွေးပြုလုပ်အသုံးပြုနိုင်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မက်ကာတေးမီးယား (macadamia) အပင် စိုက်ပျိုးနည်း ရိတ်သိမ်းနည်းလေးများ မျှဝေပေးပါရှင့်.
ဖြေကြားချက် 0 ခု
ရေရှည်ဖြစ်ထွန်းဖို့ ကော်ဖီစေ့ပင်တွေကို စနစ်တကျရွေးချယ်စိုက်နည်းလေးသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ဘာဓာတ်ချိုတဲ့ပါသလဲခင်ဗျာ အက်ဆစ်အညွန်းကိန်းများလို့လားဗျာ
ဖြေကြားချက် 2 ခု
coffee planting နည်းကိုသိချင်လို့ပါဗျာ..
ဖြေကြားချက် 2 ခု
မြေချဉ်ဓာတ် တိုင်းတဲ့ကိရိယာကို ဘယ်မှာရနိုင်ပါသလဲ?
ဖြေကြားချက် 2 ခု