အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
757
လွန်ခဲ့သော ၈ နှစ် က · တွန်းဇံ

coffee planting နည်းကိုသိချင်လို့ပါဗျာ..

စိုက်ပျိုးနည်း ကော်ဖီ
2

ဖြေကြားချက် ၂ ခု

757 လွန်ခဲ့သော ၈ နှစ် က

Thank you very much

လွန်ခဲ့သော ၈ နှစ် က

စိုက်ပျိုးစနစ် ကော်ဖီခြံအဖြစ်စတင်စိုက်ပျိုးမည်ဆိုပါက ကော်ဖီစိုက်ပျိုးမည့်မြေနေရာကိုမိုးမကျမီ မတ်-ဧပြီမှ စတင်၍ ကြို တင်ပြုပြင်ရမည်။ မြေအနေအထားကိုကြည့်၍ ရေသွင်း၊ ရေနုတ်မြောင်းတူးခြင်း၊ တောင်စောင်းဖြစ်ပါက ကွန်တို စနစ်ဖြင့် စိုက်ရန်ပြင်ဆင်ခြင်း၊ သဘာဝမြေသြဇာများ ကြိုတင်စုဆောင်းခြင်း၊ ခြံ/ကွင်းပတ်လမ်းများကြိုတင်ဖောက်လုပ်ထားခြင်း၊ လေကာပင်များစိုက်ပျိုးထားခြင်းများဆောင်ရွက်ရမည်။ စိုက်ကျင်းပြင်ဆင်ခြင်းကို အောက်ပါအတိုင်းဆောင်ရွက်ရမည်။ မြေအမျိုးအစား၊ စိုက်ပျိုးမည့် ကော်ဖီပင်မျိုးအလိုက် အလင်းရောင်ရရှိမှု၊ လေဝင်လေထွက်ကောင်းမွန်မှု အပေါ်မူတည်၍ ပင်ကြား၊တန်းကြား (စိုက်စနစ်)ကို ရွေးချယ်ပြီး ကျင်းအရွယ်အစား၂ပေပတ်လည်တူးရပါမည်။ မြောင်းစနစ်ဆိုလျှင် ၁.၅ပေအကျယ်၊ ၁.၅ပေအနက်ရှိရပါမည်။ တူးပြီးစိုက်ကွင်းကို (၂)ပတ်ခန့်လေသလပ်ခံထားရပါမည်။ မြေသြဇာပိုမိုကောင်းမွန်စေရန် စိုက်ခင်းမှရှင်းသော အမှိုက်များကို ကျင်းထဲထည့်မီးရှို့သင့်သည်။ ထို့နောက်စိုက်ကျင်းထဲသို့ ပိုးမွှား/မှိုများကို ကြိုတင်ကာကွယ်ရန် မဖောက်ထုံးတစ်ဧက (ဝ.၅)တန်ခန့်၊ လိုအပ်လျှင် မြေအောင်းပိုးသတ်ဆေး တစ်ဧက (၅-၆)Kgထည့်သင့်ပါသည်။ မျိုးအလိုက်၊ မြေအနေအထားအလိုက် သင့်တော် သော ပင်ကြား x တန်းကြားဖြင့်(စိုက်စနစ်)စိုက်ပျိုးသင့်ပါသည်။ အာရေးဗီးကားကော်ဖီ(ကုန်းမြင့်ကော်ဖီ) ပင်ကြား x တန်းကြား=၄ပေ x ၈ပေ တစ်ဧကဝင်ဆန့်(ပင်) =၁၃၆၀ပင် ရိုဘာစတာကော်ဖီ (မြေနိမ့်ကော်ဖီ) ပင်ကြား x တန်းကြား=၁၀ပေ x ၁၀ပေ တစ်ဧကဝင်ဆန့်(ပင်)=၄၃၅ပင် - ကော်ဖီပင်ကို မစိုက်ပျိုးမီ ကြိုတင်၍ တစ်လခန့်ပျိုးခင်းတွင် နေကျင့်ပေးရမည်။ - ပျိုးသက်တမ်း(၈-၁၂)လသားရှိသောပျိုးပင်များကို အသုံးပြုစိုက်ပျိုးရမည်။ အစိုဓါတ်မိုးရေချိန် ၂လက်မ ခန့်ရွာသွန်းပြီးချိန်တွင် အပင်ကို ဇွန်၊ ဇူလိုင်လများတွင်ချစိုက်ရမည်။ နွေကော်ဖီစိုက်လိုပါကရေလောင်း၊ ရေသွင်းပြုလုပ်ပြီး ဧပြီ၊ မေတွင်စိုက်လျှင်ပိုကောင်းပါသည်။ - စိုက်ပျိုးပြီးတစ်လအကြာ အပင်ခြေပေါင်းရှင်း၊ မြေသြဇာကျွေးရမည်။ - ကြားပေါင်းရှင်းခြင်းကို မြက်ဖြတ်စက်များအသုံးပြု၍ (၂)လတစ်ကြိမ် ဆောင်ရွက်ရမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။