ဖြေကြားချက် ၃ ခု
ကြက်ဥဂျူလင်စီက အပင်အဟာရဓာတ် မပါရုံတမယ်ပါ သူကိုဘာလို့သုံးရလဲဆိုရင် အဓိကက အလင်းနဲ့အစာချက်တဲ့ ဘတ်တီးရီးယား ကိုမွေးတာဖြစ်ပါတယ် လုပ်နည်းကတော့ အမျိုးမျိုးရှိပါတယ် နည်းအားလုံးနဲ့လုပ်ရပါတယ် သူ့ရဲ့ကောင်းကျိုးကတော့ အီးအမ်လိုပါပဲ ဒါပေမယ့် အီးအမ် လောက့်တော့ မကောင်း မြေအရည်အသွေးနဲ့ အချို့သော အဟာရဓာတ်စုပ်ယူမှုတွေကိုတက်လာစေပါတယ်၊ ခနာ့နဲ့တော့မရ ရေရှည် ခနာ့ခနာ့ သုံးရပါမယ်၊ ဇီဝမြေဩဇာပါ သဘာဝမြေဩဇာ နဲ့ အပင်အဟာရဓာတ်ထောက်ပံ့စာမဟုတ်ပါ၊
ဘယ်လိုကြက်ဥအမျိူးအစားမဆိုရပါတယ်ခင်ဗျာ။ သဘာဝအားဆေးတစ်မျိုးဖြစ်တဲ့ ကြက်ဥဂျူလင်စီကို ပါဝင်ပစ္စည်းသုံးမျိုးထဲနဲ့ပြုလုပ်ကြပါမယ်။ - ကြက်ဥ - စိမ်းစားငပိ - ဟင်းချိုမှုန့် ကြက်ဥတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲ ဖောက်ထည့်ပြီးအခွံပါချေထည့်ပါ။ စိမ်းစားငပိ ဟင်းစားဇွန်း (၁) ဇွန်း၊ ဟင်းချိုမှုန့် (၁) ဇွန်းထည့်၍ နှံ့အောင်မွှေပါ။ မွှေပြီးသားများကို ရေ (၁) လီတာဗူးတစ်ဗူးမှာ တစ်ဇွန်းထည့်ပြီး ရေထည့်ပါ။ ကြက်ဥတစ်လုံးနှုန်းထားဆိုရင် ရေဗူး (၇) ဗူးလောက်ရတယ်လို့ သိရပါတယ်။ ရေအပြည့်ရောရမှာပါနော်။ နောက် နေပူထဲမှာထားပြီး နေ့စဉ် ဆေးဗူးကိုလှုပ်ပေးပါ။ နေရောင်ခြည်ရရှိမှုပေါ်မူတည်ပြီး ရက် (၃၀-၄၀) လောက်နေရင် အနီရောင်သို့ပြောင်းလဲပြီး ဆေးရည်အဖြစ်ပြောင်းလဲပြီး သုံးစွဲနိုင်ပါပြီ။ အနီရောင်ရှိတဲ့အဏုဇီဝအားဆေးဖြစ်တဲ့ ကြက်ဥဂျူလင်စီကိုဆိုရင် အပင်ကြီးထွားချိန်နဲ့ အသီးတင်ချိန်တွေမှာလည်းသုံးနိုင်ပါတယ်။ ကြက်ဥမှာ ကယ်လစီယမ်ဓာတ်ပါဝင်တဲ့အတွက် ပိုးမွှားရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ထိန်းချုပ်နိုင်ပါတယ်။ မြေကြီးကိုဆိုရင် ဆေးဖြန်းပုံး လီတာ၂၀ ကို ၂၀၀ စီစီ ထည့်ပါ။ အပင်အသီးအပွင့်တွက်ဆိုရင် ၂၀ လီတာကို ၂၀ စီစီထည့်ပါ။ မြေသြဇာပြုလုပ်တဲ့နေရာမှာလည်း ကြက်ဥဂျူလင်စီကိုထည့်သွင်းအသုံးပြုကြပါတယ်။ ပွားယူလိုလျှင်လည်း… စတင်ဖျော်စပ်တဲ့အတိုင်း ကြက်ဥတစ်လုံး၊ ငပိ ဟင်းစားဇွန်း (၁) ဇွန်း၊ ဟင်းချိုမှုန့် (၁) ဇွန်းတို့ကို သမအောင်မွှေထားသောအရည်ကို (၁) လီတာမှာ (၁)ဇွန်းစီထည့်ပါ။ အသင့်ဆေးရည်ကို ၂၀၀ စီစီ ထည့်ပါ၊ ရေထည့်ပါ၊ နေ့စဉ်လှုပ်ပေးပြီး နေရောင်ထဲမှာ ၇ ရက်ထားပေးခြင်းဖြင့် အနီရောင်အဏုဇီဝအားဆေးရည်ကိုရရှိပါမည်။ ဒီလိုနည်းလမ်းကတော့ ဆေးရည်ထဲမှာရှိနေတဲ့ အဏုဇီဝပိုးများကို အားဆေးကျွေးပြီး ပြန်လည်ပွားယူခြင်းတစ်မျိုးပါပဲ။
ဆက်စပ်မေးခွန်းများ
ဆိုက်ဘာမက်သရင်းက မတ်ပဲပန်းပွင့်ချိန်မှာဖျန်းရင် အပွင့်ကြွေနိုင်သလားခငိဗျာ
ဖြေကြားချက် 1 ခု
ဘာပိုးသတ်ဆေးသုံးရမလဲ
ဖြေကြားချက် 4 ခု
မတ်ပဲ အသီးတင်ချိန်မှာ ကြက်ဥဂျူလင်စီရယ် ငါးအမိုင်နိုအက်စစ်( FAA+Em) ကို ရောပီးဖြန်းမယ်ဆို အဆင်ပြေနိုင်လားခင်ဗျ...
ဖြေကြားချက် 4 ခု
မတ်ပဲအတွက် ပွင့်ထွေးပိုးလှေးပိုး၂မျိုးစလုံးအတွက်ဘာဆေးသုံးရမလဲဗျ အဆီဖိတ်သဲံးရင်အပွင့်ကြွေနိုင်လားဗျ
ဖြေကြားချက် 1 ခု
ယခုဆေးနှစ်မျိုးကိုရောစပ်ပြီးမတ်ပဲတွင်ဖြန်းလို့ရပါသလားခဗျ
ဖြေကြားချက် 5 ခု