ဖြေကြားချက် ၄ ခု
အီးအမ် (EM)ဘယ်နှစ်မျိုးရှိတာလဲ❓ ဒီနေ့မှာတော့ စိုက်ပျိုးရေးလုပ်ငန်းနဲ့မွေးမြူရေးလုပ်ငန်းတွေမှာ တွင်ကျယ်စွာအသုံးပြုနေကြတဲ့ အီးအမ်(EM) အမျိုးအစားတွေကိုဖော်ပြပေးသွားပါမယ်။ အီးအမ်(EM)အမျိုးအစား ဘယ်နှစ်မျိုးရှိတယ်ဆိုတာ မပြောခင် ပထမဆုံးအနေနဲ့ အီးအမ်(EM) က ဘာလဲဆိုတာကို ပြောပြလိုပါတယ်။ အီးအမ်(EM) ဆိုတာ အကျိုးပြုအဏုဇီဝ(Effective Microorganisms) လို့ခေါ်ပါတယ်။ အီးအမ်(EM)ဖျော်ရည် ဆိုတာကတော့ သီးနှံပင်တို့ရဲ့ ကြီးထွားဖြစ်ထွန်းမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိမှုနဲ့ သီးနှံအရည်အသွေးကို မြင့်မားစေနိုင်တဲ့ အကျိုးပြုအဏုဇီဝ မျိုးစိတ်တွေကို အဆင့်မြင့် နည်းပညာများသုံးပြီး စနစ်တကျ စုပေါင်းမွေးမြူဖော်စပ်ထားတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ အီအမ် (EM) အမျိုးအစားကတော့ (၄) မျိုးရှိတယ်။ အဲဒီ (၄) မျိုးတွေကတော့ ပင်မအီးအမ် (Original EM, OEM) အီးအမ်အပြင်း (EM Concentrate, CEM) အသင့်သုံးအီးအမ် (Instant EM) အီးအမ် - ၅ (EM-5) တို့ဖြစ်ပါတယ်။ ပင်မအီးအမ် (Original EM, OEM) ပင်မအီးအမ် ဖျော်ရည်ကတော့ ဝါညိုရောင်ရှိပြီးတော့ နှစ်သက်ဖွယ်အနံ့နဲ့ ချိုချဉ်အရသာ ရှိပါတယ်။ ပင်မအီးအမ်ရဲ့သက်တမ်းဟာ တစ်နှစ်အထိ အာနိသင်ရှိပါတယ်။ အီးအမ်အပြင်း (EM Concentrate) အီးအမ်အပြင်းရဲ့ သက်တမ်းကတော့ (၆) လ အထိ အာနိသင်ရှိပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အီးအမ်တွေ အများစုဟာ အီးအမ်အပြင်းတွေဖြစ်ကြပါတယ်။ အသင့်သုံးအီးအမ် (Instant EM) စိုက်ခင်းတွင် တိုက်ရိုက်အသုံးပြုနိုင်တဲ့ အီးအမ်အဆင့်ဖြစ်ပါတယ်။ အသင့်သုံးအီးအမ်ရဲ့ သက်တမ်းကတော့ ရာသီဥတုပေါ်မူတည်ပြီးတော့ (၇) ရက်ကနေ (၁၀) ရက်ထိ အာနိသင်ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာပိုပြီးတော့ ကြာရှည်ခံပါတယ်။ အသင့်သုံးအီးအမ်ကို မြေဆွေးပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ သီးနှံစိုက်ခင်းများပေါ်သို့ တိုက်ရိုက် ပက်ဖျန်းရန်အတွက်သော်လည်းကောင်း၊ မြေကြီးပေါ်သို့ ရေပန်းခရားဖြင့်ဖျန်းပက်ရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အီးအမ်ဖျော်ရည်ရဲ့ ချဉ်ငံဓါတ်ကတော့ (၃.၅) မှ အောက်ဖြစ်ပါတယ်။ အီးအမ်ဖျော်ရည်များ ချဉ်ငံဓါတ် (၄) အထက်ရှိလာပြီး အပုပ်နံ့နဲ့ အနံ့ဆိုးတွေထွက်လာပါက အီးအမ်ဖျော်ရည်ပျက်စီးသွားပြီဖြစ်တဲ့အတွက် အသုံးပြုဖို့အတွက် မသင့်တော်တော့ပါဘူး။ အီးအမ်ဖျော်ရည်တွေကို ထည့်တဲ့အခါမှာ ပလပ်စတစ်ပုလင်း၊ ဖန်ပုလင်း၊ စဉ့်အိုး တွေကိုပဲ အသုံးပြုသင့်ပါတယ်။ သံ/သတ္တုပုံးတွေမှာ ထည့်ဖို့မသင့်တော်ပါဘူး။ အီးအမ် - ၅ (EM-5) အီးအမ်-၅ ကို အင်းဆက်ပိုးများနဲ့ ရောဂါများကို ကာကွယ်တဲ့အနေနဲ့အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အီးအမ်-၅ သည် အင်းဆက်တွေရဲ့ အစားအစာကို စားသောက်၍မရတဲ့ အညစ်အကြေးတွေအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် အင်းဆက်တွေဟာအစာမစားနိုင်တော့ပဲ တဖြည်းဖြည်းနဲ့ အရေအတွက်တွေ လျော့နည်းသွားစေပါတယ်။ အင်းဆက်တွေကိုတိုက်ရိုက် သေစေနိုင်တဲ့ ဆေးမဟုတ်ပါဘူး။ ကိုးကား - အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း (FSWG), ပါမောက္ခဒေါက်တာမြင့်လွင်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲခင်း ၁လသား ပုလဲ၁၆ဇွန်းနဲ့ လက်ချားလေးဇွန်း ရေ၂၀လီတာပုံနဲ့ဖြန်းရင် မြေပဲခင်းလောင်နိုင်လားဗျ
ဖြေကြားချက် 1 ခု
နွေမြေပဲစိုက်ပျိုးနည်းအပြည့်စုံသိချင်ပါတယ်
ဖြေကြားချက် 1 ခု
3လမြေပဲ စိုက်ထားပါတရ် မြေပဲစိုက်ရက်သားတစ်လသာရှိပီခမျ ဆောင်းမြေပဲပါ။ တခါမမစိုက်ဖူးလို့ မြေပဲစစိုက်ချိန်ကနေ နုပ်...
ဖြေကြားချက် 1 ခု
မိုးရာသီစိုက်တဲ့မြေပဲဆိုအပင်တွေသန်ပီးဥနည်းနေတာဘာကြောင့်လည်းကျေးဇူးပြုပြီးရှင်းပြပေးပါ
ဖြေကြားချက် 2 ခု
မိုးရာသီစိုက်ဖို့အတွက်ပုံတွင်ပါသောမြေပဲမျိုးဆိုအဆင်ပြေမလားဗျာကျေးဇူးပြုပီးဖြေကြားပေးစေလိုပါတယ်
ဖြေကြားချက် 5 ခု