ဖြေကြားချက် ၂ ခု
အတိအကျမသိနိုင်ပေမဲ့ မိမိမြေ ချဥ်နေလား၊ ငန်နေလား၊ သင့်တော်သောမြေလား ဆိုတာကိုသိနိုင်ပါတယ်ခင်ဗျာ။
စိုက်ပျိုးရေးရုံးတွေ မှာ ရနိုင်ပါတယ်ခင်ဗျာ။ အောက်ပါနည်းဖြင့်လည်း အလွယ်တိုင်းနိုင်ပါတယ်ခင်ဗျာ။ ချဉ်နေလား၊ ငံနေလား သိဖို့ ရှာလကာရည် နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ဆီ လိုအပ်ပြီး ဖန်ခွက် ၂လုံးရှိရပါလိမ့်မယ်။ ရေသန့် တဘူး အပါအဝင်ပေါ့ဗျာ။ မြေကြီး တခွက်စာကို ဖန်ခွက်ထဲထည့် ရှာလကာရည် ခွက်တဝက်ကိုထည့် ရောပြီး ဇွန်းနဲ့မွှေရန် လိုအပ်ပါတယ်။ အမြုပ် တစီစီထွက်လာရင် ပီအိပ်ခ်ျ ၇-၈(pH 7-8) ကြားရှိတယ်လို့ အဖြေရပါတယ်။ အမြုပ်မထွက်ဘူးဆိုလျှင် မိမိယူလာတဲ့မြေတခွက်ကို တခြားဖန်ခွက်ထဲမှာ မြေကြီးတခွက်၊ ဆိုဒါ ခွက်တဝက် ရေသန့်ထည့်ပြီး မွှေလိုက်ပါ။ အမြုပ် တစီစီထွက်လာရင် ပီအိပ်ချ် ၅-၆ (pH 5-6) လို့ ယူဆတဲ့ အဖြေထွက်ပြီပေါ့ဗျာ။ စမ်းသပ်မှု ၂ခုလုံးမှာ ချဉ်ငံကိန်း ၇ (pH 7) ရတဲ့ မြေအုပ်စုကတော့ အလွန်ရှားပါလိမ့်မယ်။ မြေတခု စမ်းတိုင်းမှာ ဖန်ခွက် ၂လုံး၊ တလုံးက ရှာလကာရည် တလုံးက မုန့်ဖုတ်ဆော်ဒါ ရေဖျော်ပြီး တပြိုင်တည်း ယှဉ်စမ်းခြင်းက သိသာထင်ရှားစေပါတယ်။
ဆက်စပ်မေးခွန်းများ
မြေချဥ္ငံကိန်းကို တွက်ချက်တဲ့စက်ရှိလား အခြားမည်သည့်နည်းလမ်းများဖြင့်တွက်ချက်သိရှိနိုင်သနည်း။
ဖြေကြားချက် 3 ခု
စပါးစိုက်ခင်းမှာမြေချဥ်ရင် ထုံး နှင့် ကျောက်မှုန့်မြေသြဇာ ဘယ်ဟာကပိုအာနိသင်ရှိပါသလဲရှင့်
ဖြေကြားချက် 1 ခု
မြေငံဓာတ်၊ မြေချဥ်ဓာတ် တိုင်းကိရိယာလေးညွန်ပြပေးပါလာခင်ဗျာ....ကျေးဇူးတင်ပါတယ်
ဖြေကြားချက် 2 ခု
စိုက်ပျိုးမြေ ချဥ်ခြင်း ငံခြင်းကို အလွယ်ကူဆုံး သိရှိနိုင်သည့်နည်းလမ်း ( ပေါက်ရောက်နေသော ပေါက်မြက်များကို ကြည်...
ဖြေကြားချက် 4 ခု
လယ်မြေ မြေချဉ်တာကို ထုံးပက်တာနဲ့ ထုံးနို့ရည်ဖျန်းတာဘယ်ကပိုထိရောက်လဲ ထုံးနို့ရည်ကြော်ငြာတွေတွေ့မိလို့ပါ တကယ်လက်...
ဖြေကြားချက် 8 ခု