ဝါနေတဲ့အရွက်တွေက ရောဂါကြောင့်လား. အစာတောင်းတာလားဗျ.
ဒီအချက်တွေအတိုင်းဖြစ်နေတယ်ဆိုရင် "ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ စပါးတန်ဂရိုရောဂါ"ဟုရိုက်ပြီးလေ့လာကြည့်ပါခင်ဗျာ။
ပိုတက်စီယမ်ဓာတ်ချို့တဲ့တာဖြစ်ပါတယ် မြေချဉ်လို့ပါ မြေချဉ်မှုကိုသက်သာအောင်ထုံးထည့်ပေး၍ ပိုတက်အချိုးမြင့် ပါသော ရွက်ဖျန်းမြေဆီ ဖျန်းပါ၊
အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်သလို တန်ဂရိုရောဂါကျရောက်တာလည်းဖြစ်နိုင်ပါတယ်။ တန်ဂရိုရောဂါဟုတ်၊ မဟုတ် အောက်ပါအချက်များနဲ့ ကိုက်ကြည့်ပါ။ • စပါးခင်းအတွင်း ဖြုတ်ကောင်ကျရောက်မှုကို စစ်ဆေးရမည်။ • အရွက်များအရောင်ပြောင်းမှုကို စစ်ဆေးရမည်။ တန်ဂရိုရောဂါကျရောက်နေသည့် စပါးပင်များတွင် အဝါရောင်နှင့် လိမ္မော်ဝါရောင် အရောင်ပျက်မှုများကို ထင်ရှားစွာတွေ့ရသည်။ အရောင်ပျက်မှုသည် ရွက်ထိပ်ဖျားမှစတင်ပြီး အရွက်အောက်ပိုင်းနှင့် ရွက်နာများဆီသို့ ကျယ်ပြန့်လာသည်။ ရောဂါကျအရွက်သည် အစိမ်းဖျော့ရောင်အစက် (သို့မဟုတ်) အစင်းပုံသဏ္ဍန်များ၊ သံချေးရောင် အစက်အပြောက်များ၊ ရွက်ကြောများကြား တစ်ရှူးသေလက္ခဏာများ ပြတတ်သည်။ ဤရောဂါကျစပါးပင်များတွင် အပင်ပုခြင်း၊ ပန်းပွင့်နောက်ကျခြင်းကြောင့် ရင့်မှည့်မှုနောက်ကျခြင်း၊ ပင်ပွားနည်းခြင်း၊ အနှံသေးငယ်ခြင်း(သို့မဟုတ်)ထွက်ပြူမလာခြင်း၊ အညိုရင့်ရောင်အကွက်များဖြင့်ဖုံးအုပ်နေခြင်း စသည့်လက္ခဏာများကိုလည်း တွေ့မြင်ရသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
Nitrogenကျွေးရင်စပါးပင်အတွက်ဘာတွေကောင်းကျိုးပြုနိုင်မလဲ သုသေသနလုပ်ထားသောအဖြေများကိုလဲတိတိကျကျသိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 2 ခု
စပါးပင် ရက်20လောက် အဖျားတွေခြောက်နေလို့ ဘာဆေးသုံးရမလဲခင်ဗျ ငါးအမိုင်နိုအရွက်အားဆေးဖျန်းထားတာ နှစ်ကြိမ်ရှိပါပြီ
ဖြေကြားချက် 2 ခု
အနှံလေးတွေထွက်နေပါပြီဘာဆေးသူံးရင်ကောင်းမလည်းဗျ
ဖြေကြားချက် 4 ခု
ဆရာတို့ရေစပါးတွေအလိုဖြစ်သေကုန်လို့ပါပိုးကတော့ဖြုတ်ကျောဖြူတွေကျပါတယ်အရင်ကအာမိုတင်းရှန့်နိုင်ပါတယ်ခုကဆေးကပိတ်...
ဖြေကြားချက် 5 ခု
စပါးစိုက်လယ်အတွက်NPKလိုအပ်မှုအချိုးကိုဘယ်လိုသိနိုင်မလဲဆရာညီကိုတို့ဖြေပေးကြပါအုံးကျေးဇူးပါ
ဖြေကြားချက် 8 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။