ဖြေကြားချက် ၂ ခု
တန်းစိုက်ရဲ့အားသာချက်က လေဝင်လေထွက်ကောင်းမယ်။ကိုင်းဖြာမှုပိုကောင်းတယ်။ပိုးရောဂါကျရောက်မှုနည်းပြီးကျရောက်ပါကနှိမ်နင်းရလွယ်ပါတယ်။ပေါင်းလိုက် ကြားထွန်ဝင်ရတာအဆင်ပြေပါတယ်(ကြဲစိုက်ထက်ပေါင်းမြက်ပိုထူတတ်ပါတယ်)။အထွက်နှုန်းပိုမိုရရှိပါတယ်။အားနည်းချက်လို့သတ်မှတ်နိုင်တာက မျိုးစေ့တန်းချရတာကြောင့် အချိန်ပိုကုန်ပါတယ်။လုပ်အားပိုကုန်ပါတယ်။စိုက်ပျိုးကုန်ကျစရိတ်ပိုကုန်ပါတယ် (ကုန်ကျစရိတ်ပိုကုန်သော်လည်းအထွက်ကောင်းသဖြင့်ကြဲစိုက်ထက်ပိုမိုအကျိုးရှိပါတယ်)။....... ချွင်းချက်အနေဖြင့် ငွေကြေးအခက်အခဲရှိခြင်းနှင့်စိုက်ခင်းအနေအထားအရတန်းစိုက်၍မရခြင်းများကြောင့် တန်းစိုက်ကောင်းသည်ကိုသိသော်လည်း ကြဲပက်စိုက်နေကြသည့်တောင်သူအများအပြားရှိနေပါတယ်။
ပက်ကြဲနဲ့တန်းစိုက်က အပင်ညီခြင်းမညီခြင်းပဲကွာပါတယ်။ အပင်ညီတာရဲ့ အားသာချက်က အပင်ညီတော့ ကွင်းဆင်းလေ့လာ ရတာ လွယ်ကူတယ်။ အပင်ဖာနိုင်တာကြောင့်၁ဧက စိုက်နိုင်တဲ့ အပင်အကုန် စိုက်နိုင်တယ်။ ဒါ့ ကြောင့် အထွက်ကို ၁၀%ကနေ၂၀%လောက်ထိ အထွက်တိုးနိုင်ပါတယ်ခင်ဗျာ။ တန်းစိုက်တာက သွင်းအားစု အနည်းငယ်များပေၽမဲ့ အထွက်မှာ စကားပြောပါတယ်ခင်ဗျာ။ ဒါ့ကြောင့်တန်းစိုက်တာ ပိုကောင်းသော နည်းလမ်းဖြစ်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဘာလိုအပ်သေးလဲ့လမ်ညွန်ပေးပါဗျာ
ဖြေကြားချက် 3 ခု
ပဲတီစိမ်း မျိုးကြဲလိုက်တာ အပင်တွေထူသွားလို့ ပင်ကြား တန်းကြားဘယ်လောက်အကွာအဝေးလောက် ပင်ကျပ်နှုပ်ရမလဲ သိချင်ပါတယ်...
ဖြေကြားချက် 1 ခု
ပဲတီစိမ်းနှင့် မတ်ပဲကို စပါးရိတ်ပြီးနောက် ဆောင်းသီးနှံအဖြစ်စိုက်ပျိုးရာတွင်ရေသွင်းစိုက် ပျိုး၍ ရပါသလား။ မိမိ...
ဖြေကြားချက် 3 ခု
ပဲခူးတိုင်းအနောက်ပိုင်း မိုးညိုကပါ ပဲတီစိမ်းရေဆင်း 14 (2)လပိုင်းကုန်လောက် ရေသွင်းစိုက်ချင်လို့ အဆင်ပြေပါ့မလား
ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျား ကြက်သွန်ခင်း သိမ်းပီးပါပီ အဲလယ်(စနယ်မြေစေး)ကို ပဲတီစိမ်းစိုက်လို့ရမလား နှမ်းစိုက်ရမလားခင်ဗျား...
ဖြေကြားချက် 6 ခု