ဖြေကြားချက် ၃ ခု
ဝက်ချေးနဲ့ ကုက္ကိုက်ရွက်ကို ဆတူ (သို့) ဝက်ချေး၁ဆ ၊ကုက္ကိုက်ရွက် ၂ဆ ရောကာ အေးပြီး အရိပ် ရတဲ့ နေရာ၌ ၆ပေ ပတ်လည် လူ့တစ်ရပ်ခန့် ပုံပါ။ ငါးအမိုင်နို၊ EM၊ ငပျောဂျူလင်စီ ကြိုက်ရာ ဖြန်းပေးနိုင်ပါတယ်ခင်ဗျာ။ ဒီထက်ပိုကောင်းအောင် ဖွဲနုပါ ရောပေးနိုင်ပါတယ်။ မြေဆွေးပုံကို အလင်းမဖဗာက်နိုင်အောင် တစ်ခုခုနဲ့ အုပ်ထားပါ။ ၇ရက်တစ်ခါလောက် အထက်အောက် ဆွပေးပါ။ ကြာမြင့်ချိန်ကတော့ မိမိလောင်းမဲ့ ဖျော်ရည် အမျိုးအစားနဲ့ ရာသီဥတုပေါ် မူတည်ပါတယ်။ ငပျောဂျူလင်စီက အမြန်ဆုံးဖြစ်ပါတယ်။ EM ကတော့ ပိုကောင်းပါတယ်ခင်ဗျာ။ နွေရာသီတွင် ၁လဝန်းကျင်၊ အေးသောရာသီတွင် ၂လဝန်းကျင်၌ စသုံးလို့ ရပါပြီ။ ပိုထားနိုင်လေ ပိုကောင်းလေပါခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေဩဇာသီးသန့်မကျွေးနိုင်လို့ နွားချေး၊ဖွဲပြာ၊မြေဩဇာစပ်ကျွေးချင်လို့ ဘယ်လောက်အချိုးအစားမျိုးစပ်သင့်လဲဗျ။ ဖွဲ...
ဖြေကြားချက် 4 ခု
ဘိုကာရှီမြေဆွေး၊ စိုက်ပျိုးရေးဆရာများညွှန်ကြားချက်ကတော့၊6×3×3=ဖြစ်ပါတယ် အပူချိန်လွန်ကဲပြီးအဏုဇီဝပိုးမသေအောင်၊...
ဖြေကြားချက် 5 ခု
လယ်ထဲကိုဆန်ကွဲထည့်လို့ရလားဘယ်အချိန်ထည့်ရမလဲဘယ်နှုန်းနဲ့ထည့်ရမလဲ
ဖြေကြားချက် 1 ခု
ပဲဖတ်ပုတ်ရည် စနစ်တကျလုပ်နည်းလေးသိခြင်ပါတယ်ခင်ဗျာ၊ ပီးတော့ အဲ့အရည်ကို ဖြန်းပုံဖြန်းနည်းလေးရယ်၊ ပဲဖတ်ပုတ်ရည်မှာ...
ဖြေကြားချက် 3 ခု
နို့အချဥ်ဖောက်ရည်ပြုလုပ်တဲ့အခါ နွားနို့မရနိုင်ရင် တစ်ခြား ကျွဲနို့/ဆိတ်နို့တို့ အသုံးပြုလို့ရနိုင်လားဗျ... အ...
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ