အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
696
လွန်ခဲ့သော ၄ နှစ် က · စစ်ကိုင်း

ငါးအမိုင်နိုလုပ်ကြည့်ပါတယ် တင်လဲဆိုတာမသိလို့ ခင်တဲ့အကိုတယောက်ကိုမေးကြည့်တာဘီအီးအရက်လို့ပြောပါတယ် ဂျင်းထည့်ခံ...

ငါးအမိုင်နိုလုပ်ကြည့်ပါတယ် တင်လဲဆိုတာမသိလို့ ခင်တဲ့အကိုတယောက်ကိုမေးကြည့်တာဘီအီးအရက်လို့ပြောပါတယ် ဂျင်းထည့်ခံလိုက်ရတာပါ ဒါပေမဲ့ ဘီအီးမရှိတော့ တောအရက်ထည့်လိုက်ပါတယ် အဲဒါ သုံးလို့ရနိုင်သလား သွန်ပဲပစ်ရမလား သိတဲ့ဆရာများ အကြံပေးကြပါအုံး ငါး တစ်ပိဿာငါးဆယ်သား ထန်းညက်တပိဿာငါးဆယ်သား သကြား တပိဿာငါးဆယ်သား အချိုရည်တဗူး ထည့်ထားပါတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲပြောပြကြပါအုံး😞😞😞

အပင်အာဟာရ ခရမ်းချဉ် ငါးအမိုင်နိုအက်စစ်

ဖြေကြားချက် ၈ ခု

174 လွန်ခဲ့သော ၄ နှစ် က

တင်လဲရည်ဆိုတာ ထန်းလျှက်ရည်ကျိုပြစ်ပြစ်ကိုခေါ်ပါတယ်ရှင်

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

တောအရက် ထည့်မိတယ် အပင်အတွက်အကျိုးရှိအူးမာလား လွတ်ပစ်ရမာလား ဘာဆက်လုပ်ရအူးမလား သိချင်တာ ဟုတ် ? အဖြေကတော့ အယ်ကိုဟော်ကိုချေဖျက်ဖို့ တဆေး အနဲငယ် (၅ ကျပ်သားခန့်) ထည့်ပါ လေ (အောက်ဆီဂျင်) ခနာ့ ရအောင်ထားပါ ( တစ်နေ့ ၂ နာရီခန့် ၃ ရက်ဆက်တိုက်) အဲ့ဆိုရင်အရက်ထဲ alcohol ကိုချေဖျက်ပြီး ငါးအမိုင်နို အာဏိသင်ပြန်ဆက်လာပါမယ် တဆေး - ပေါင်မုန့်ဖုတ်ရာတွင်သုံးသော မှို မုန့်ဖုတ်ဆိုင်တွေ နဲ့ facebook မှာ ရှာနိုင်ပါတယ်

696 လွန်ခဲ့သော ၄ နှစ် က

တောအရက်က ရေသန့်1လီတာ လေးဗူးတောင်ထည့်မိထားတာ🙈

260,000 လွန်ခဲ့သော ၄ နှစ် က

ရေအစပ်နည်းရင်တော့ ဘေးဖြစ်နိုင်ပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

အကျိုးဖြစ်၊မဖြစ် သေချာတော့မသိပါခင်ဗျာ။ ရေအဆ ၃၀၀ကနေ ၅၀၀လောက်ထိ စမ်းဖြန်းကြည့်နိုင်ပါတယ်။ ဒီအချိုးနဲ့ ဖြန်းမယ်ဆို တစ်ဖြည်းဖြည်းတော့ အကျိုးပြလိမ့်မယ်ထင်ပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

တင်လဲရည်ဆိုတာ ကြံကနေ ထုပ်တဲ့ သကြား၊ ကြံသကာမဖြစ်ခင် ကုန်ကြမ်းတစ်မျိုးပါခင်ဗျာ။ ထန်းလျက်ရည်၊ သကာရည်အစားထိုးနိုင်ပါတယ်။

1,804 လွန်ခဲ့သော ၄ နှစ် က

တင်လဲရည် သို့မဟုတ် ထန်းလျက် သို့မဟုတ် သကြားညိုတို့ကသုံးမျိုးစလုံးထည့်ဖို့ပြောတာမဟုတ်ပါဘူး အဲ့သုံးမျိုးထဲကကိုယ့်အတွက်ရှာရလွယ်မယ့်တစ်မျိုးမျိုးကိုသုံးဖို့ပြောတာပါ။ ခုလုပ်ထားတဲ့ဟာကိုဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိဘူးဗျ။ပညာရှင်တွေရဲ့စကားစောင့်ပါ

1,278 လွန်ခဲ့သော ၄ နှစ် က

တင်လဲရည်ဆိုတာ ထန်းလျက်ရည်ဗျ သုံရ၊မရတော့ကျွန်တော်လဲ မသိ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။