အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
646
လွန်ခဲ့သော ၄ နှစ် က · ရပ်စောက်

ပြောင်းပင်ကတစ်လရှိပီအပင်မကြီးလို့ဘာမြေဩစာကြွေးရမလဲ အရောင်ကခရမ်းရောင်ဖြစ်နေတယ်

အပင်အာဟာရ ပြောင်း ပြောင်းမြေသြဇာကျွေးခြင်း
Post image
Post image
4

ဖြေကြားချက် ၄ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

ဖော့စဖိတ်ချို့တဲ့တာပါခင်ဗျာ။ နောင်မဖြစ်အောင် မြေခံကို တီစူပါ ထည့်ပေးသင့်ပါတယ်။ ယခုထည့်မယ်ဆိုဟင်းစားဇွန်း ၁ ဇွန်းခွဲလောက်ဆို လုံလောက်ပါပြီခင်ဗျာ။ ပြီးတော့ ပင်ပိုင်းအားကောင်းအောင် ငါးအမိုင်နို (သို့) သစ်သီးအချင်ဖောက်ရည်ကို ပါဖြန်းပေးသင့်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ရှမ်းပြည်..နယ်၊ပြောင်းစိုက်မြေအ​တော်များများမှာ၊ အပင်တလသားအရွယ်၊ခရမ်း​ရောင် အရွက်လက္ခဏတွေ့ရတတ်ပါတယ်။ အာဟာရချို့တဲ့ လက္ခဏာပါ။ဖော့စဖရပ် ချို့တဲ့ရင် ..အဲ့ဒီလက္ခဏာပြပါတယ်။မြေထဲမှတီစူပါ​မြေသြဇာကိူမြေခံ ကတည်းက ထည့်သင့်ပါတယ်။ ၁၅ ပတ်လည်ကျွေး ရင်လည်း ရပါတယ်။သို့​သော် မြေချဥ်ရင်(pH 5.5 ထက်နိမ့်ရင်)ဖောစဖိတ်ကို. အပင်က မစားနိုင်ပါ။ဒါ​ကြောင့် ဂျစ်ဆန်မြေ သြဇာထည့်​ပေးသင့်ပါတယ်။ တတ်သိပ.ညာရှင်နဲ့ တိုင်ပင်ပြီးရေရှည်အတွက်၊​ေမြပြင်​ပေးသင့်ပါတယ်ခင်ဗျ။

646 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ်

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ဖော့စဖရပ် P ဓာတ် လိုတာပါ တီစူပါ ကွျေးနိုင်ပါတယ် နှုန်းထားကတော့ ဟင်းစားဇွန်း ၂ ဇွန်းလောက့်ပါ၊ ဈေးကြီးရင်တော့ အရိုးမှုန့်ပေး သို့ မြေဆွေးတွေပေးနိုင်ပါမယ် နှုန်းထားကတော့ သဘာဝပစ္စည်းတွေဖြစ်လို့ များလဲပြသနာမရှိပါ၊ အနဲဆုံးတော့ ၁ ပင်ကို နို့ဆီဘူး ၁ ဘူး စာပေးသင့်ပါတယ်၊

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။