အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,804
လွန်ခဲ့သော ၄ နှစ် က · မှော်ဘီ

တမာပိုးသတ်ဆေးနဲ့ပတ်သက်ပီးဖတ်မိတဲ့ဆောင်းပါးတွေမှာ ဆေးရာစပ်ဖျန်းနည်းကွဲနေလို့ဗျ။ ဆောင်းပါးတစ်ခုမှာ တမာရွက် ၆၀...

တမာပိုးသတ်ဆေးနဲ့ပတ်သက်ပီးဖတ်မိတဲ့ဆောင်းပါးတွေမှာ ဆေးရာစပ်ဖျန်းနည်းကွဲနေလို့ဗျ။ ဆောင်းပါးတစ်ခုမှာ တမာရွက် ၆၀ကျပ်သားကိုရေတစ်ဂါလံနဲ့တစ်ညစိမ်ပီးရေလေးဂါလံဖြစ်အောင်ရောဆပ်ပြာနဲ့မွှေ အပင်မှာဖျန်းခိုင်းပီးနောက်တစ်ခုမှာက တမာရွက် ၂၅ ကျပ်သားကို ရေတစ်ဂါလံနဲ့တစ်ညစိမ်ပီးမှ အဲ့ဒီစိမ်ရည်နို့ဆီဗူးတစ်ဗူးကို ရေလေးဂါလံနဲ့ရောပီးဖျန်းခိုင်းထားတယ်။ ဘယ်နည်းကပိုအဆင်ပြေနိုင်လဲဗျ။ သက်နုပင်ဆိုတော့လောင်မှာစိုးလို့ ကျေးဇူးပြုပီးဖြေကြားပေးပါအုံး ဆရာတို့

ပိုးမွှားရောဂါ မုန်ညင်း
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

သဘာဝပိုးသတ်​ဆေပြုလုပ်နည်း​တွေမှာ. အိမ်တွင်းဖြစ်လုပ်ကြတာဆို​တော့.အ​တွေ့အကြုံ​ပေါ်မူတည်ပြီး..အမျိုးမျိုးကွဲပြားမှုတွေ့ရပါတယ်။ပိုးကာကွယ်နိုင်စွမ်းက​တော့ နုန်းထားများတာကထိ​ရောက်မှာပါ။ဖော်ပြပါနုန်းထားဟာ.အပင်မ​လောင်နိုင်ပါ(ဆပ်ပြာမှုန့်များရင်၊လောင်နိုင်ပါသည်။)

1,804 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ဖြန်းပီးသွားပါပီ မလောင်ပါဘူး ခုလိုဖြေကြားပေးတဲ့ဆရာအားလုံးကိုကျေးဇူးတင်ပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

သဘာဝနည်းမို့လို့ သူ့အညွန်းတိုင်း ဖြန်းရင် မလောင်နိုင်ပါဘူး၊ ဒါပေမဲ့ ပိုစိတ်ချချင်ရင်တော့ တမာရွက်စိမ်ရည်ပဲ ပြုလုပ်သုံးစွဲပါခင်ဗျာ။ အဆင်ပြေပါစေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။