ဖြေကြားချက် ၄ ခု
http://harbest-agri.blogspot.com/2015/03/rice-production-with-em-1.html?m=1 ထိုင်ဝမ်၊ဂျပန်၊ကိုးရီးယား၊ဖိလစ်ပိုင် EMပညာရှင်များ စမ်းသပ်အသုံးပြုပုံကို copy linkယူထားတာပါ၊ စပါးမှာ EM-1ကို အကျိုးရှိရှိ အသုံးပြုနည်းအဆင့်ဆင့် ပြထားပါတယ်၊မေးခွန်းမှာ EMနဲ့ FAA,ဘယ်ဟာက စပါးအတွက်ပိုကောင်းလဲမေးရင်၊ EM က..အပင်အတွက်၊မြေအတွက်၊ သဘာဝ ဝန်းကျင်အတွက်၊၊ ဘိုကာရှီပြုလုပ်ရာအတွက် ၊စပါးပင် အမြစ်အစာစားနိုင်ဖို့၊ စသဖြင် အားသာပါတယ်၊။ FAAကိုလည်း စပါးမှာ အသုံးပြုတာပါဘဲ၊ သိုသော် တမျိုးတည်းထက်၊ EM-1နဲ့ တွဲသုံးတာကပိုထိရောက်အကျိုးရှိတတွေ့ရမှာဖြစ်ပါတယ် ဆိုတာ၊လေ့လာဖြေကြားပေးလိုက်ပါတယ်။
ဖြေကြားပေးတဲ့ပညာရှင်များကိုအထူးပဲကျေးဇူးတင်ပါတယ်ခဗျ ကျေးဇူးပါ
အီးအမ်က အဏုဇီဝ ပိုး ပျော်ရည်ဖြစ်ပါတယ် အပင်အဟာရဓာတ်မပါပါ ထို့အတွက် တစ်ဆင့်ပြန်ပြောင်းရပါတယ် အဖတ်တစ်ခုခုနဲ့ရောရပါတယ် ပြီးရင်တော့ အဲ့ရောလိုက်တဲ့အဖတ်တွေက အပင်အတွက်စားရလွယ်စေပါတယ် ဥပမာ - ဘိုကာချီ လုပ်သလိုပေါ့ ငါးအမိုင်နိုကတော့ အပင်အဟာရဓာတ်တွေပါပါတယ် ဖျန်းရင် အပင်အတွက်အကျိုးများပါတယ် သို့ပေမယ့် များရင်တော့ လောင်တတ်ပါတယ်၊
ငါးအမိုင်နို ပိုကောင်းပါတယ်ခင်ဗျာ။ စပါးပင်ပွားအထွက်ကောင်းချ်န် ၄၅ ရက်အတွင်းကို ငါးအမိုင်နို ၃ရက်တစ်ခါ၊ မိူ့ကပ်ချိန် ၃ရက်တစ်ခါ ဖြန်းပေးခြင်းဖြင့် စပါးပင်ပွားကိုကောင်းစေပြီး အထွက်ကို တိုးစေပါတယ်ခင်ဗျာ။ လက်တွေ့ပါ။ အိးအမ်လည်းဖြန်းနိုင်ပါတယ်ခင်ဗျာ။ အဆင်ပြပါစေ။
ဆက်စပ်မေးခွန်းများ
အခု့အချိန် သစ်စိမ်းထိုးမယ်ဆိုက မိုးစပါးမစိုက်ခင် အဆင်ပြေနိုင်လားခင်ဗျာ။ သစ်စိမ်းမြေသြဇာအဖြစ် ညံပင်ထိုးခြင်ပါ...
ဖြေကြားချက် 4 ခု
C:N အချိုးကိုသိခြင်ပါတယ်ခင်ဗျာ ဆရာများ နားလည်သဘောပေါက်လွယ်အောင်ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်
ဖြေကြားချက် 3 ခု
ငှက်ပျော်သီး တစ်ပိသာ သဘော်သီး တစ်ပိသာ ရွှေဖရုံသီးတစ်ပိသာ ထန်းလျှက် နစ်ပိသာ (အရည်ကျို) ဖွဲနု 50သား ကြက်ဥ 5လံုး...
ဖြေကြားချက် 5 ခု
ကောက်ရိုးမြေဆွေးပြုလုပ်ရာမှ အသုံးပြုမဲ့နေရာက အရိပ်ရတဲ့နေရာရှိမှ လုပ်လိုရတာလားဗျာ့ အရိပ်မရှိတဲ့နေရာမှာ ပြုလုပ်...
ဖြေကြားချက် 7 ခု
၁)ငါးအမိုင်နို နဲ့ ၂)စူပါဘိုကာရှိ(ဖွဲနု (၅ တင်း)၊ နွားချေး (၅ တင်း)၊ စပါးခွံ (၅ တင်း)၊ အသင့်သုံးအီးအမ် (အဏုဇီဝ...
ဖြေကြားချက် 1 ခု