ဖြေကြားချက် ၁ ခု
အုပ်စု-(၁) - EM အပြင်း တစ်ဆ - သကာရည် (သို့) တင်လဲရည် တစ်ဆ - ရေ ၉၈ ဆ အုပ်စု-(၂) - ဖွဲနု တစ်ဆ - နွားချေး(သို့) ကြက်ချေး (သို့) ဝက်ချေး ၂ဆ - စပါးခွံ (သို့) လွှစာမှုန့် (သို့) အုန်းဆံမှုန့် ၂ဆ ပြုလုပ်ပုံအဆင့်ဆင့် - မူလEM ပျော်ရည်နှင့် အုပ်စု ၁ တွင်ပါဝင်သော ပစ္စည်းများအားပြင်ဆင်ပါ။ - ကြမ်းပြင်ပေါ်တွင် အခင်းတစ်တစ်ခုခင်း၍ အုပ်စု ၂ တွင်ပါဝင်သော ပစ္စည်းများအား ရောမွှေပါ။ - အခင်းပေါ်တွင် ပြုလုပ်ထားသောအရောအနှောများပေါ်သို့ မူလEM အဏုဇီဝပျော်ရည် လောင်းထည့် ပါ။ - ပါဝင်ပစ္စည်းများကို နှံစပ်သွားအောင် ရောမွှေပေးရန် လိုအပ်သည်။ - မြေကြီးကိုလုံး၍ မြေအစိုဓာတ်အား စစ်ဆေးပေးရမည်။ မြေလုံးကွဲထွက်မသွားသော မြေကြီးအစို ဓာတ် (၃၅ - ၄၀ ရာခိုင်နှုန်း) ရှိချိန်သည် ကောင်းမွန်သော အနေအထားဖြစ်သည်။ - မြေလုံးကွဲထွက်နေသေးပါက EM ထပ်လောင်း၍ ပြန်ပြင်ပေးရမည်။ - ထို့နောက်super bokashi ပြုလုပ်ပုံအဆင့်ဆင့် ပြီးမြောက်ပီဖြစ်သည်။ - ၎င်းတို့ကို လေလုံအိတ်( သို့မဟုတ်) PPC အိတ်ထဲသို့ထည့်၍ အရိပ်အောက်တွင် ထားပေးရမည်။ - လေးရက်မြောက်အတွင်း အိတ်ထဲသို့လက်ထည့်၍ အပူချိန် စစ်ဆေးပေးရမည်။ အိတ်အတွင်း လက် ထည့်ကြည့်ချိန် ပူလွန်းနေပါက ၁၀ မိနစ်ခန့် အိတ်ကိုပြန်ဖွင့်ထားပေးရမည်။ - super bokashi သည် ဆောင်းရာသီဆိုလျှင် ပြုလုပ်ပီး ၁၅ ရက် ကြာတွင် အသုံးပြုနိုင်ပြီး နွေရာသီ တွင် ၇ ရက်ကြာပီးနောက် အသုံးပြုနိုင်ပါသည်။ - ပြုလုပ်ပီးနောက် အသုံးမပြုသေးဘူးဆိုပါက အရိပ်အောက်တွင် အခြောက်ခံထားသင့်ပါသည်။ ပြီး နောက် အိတ်အတွင်းသို့ ပြန်ထည့်ပြီး ၆လကြာ သိုလှောင်ထားနိုင်ပါသည်။ - စပါးစိုက်ခင်းအတွက် သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွက် သော်လည်းကောင်း တစ်ဧကလျှင် ၁တင်းခွဲ (အိတ်၂၀) ခန့် အသုံးပြုနိုင်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘ်ိုကာရှီလုပ်တဲ့နေရာမှာ က္ကိုလ်ရွက်ကို မီးရို့လို့ရတဲ့ ပြာ ထင်းပြာစသည်တို့ကို စပါး/ လွှစာမှုန့်အစားထိုးအသုံး...
ဖြေကြားချက် 5 ခု
စူပါဘိုကာရှီမှာ ဖွဲနုအစား ဘာသုံးလို့ရလဲ ခင်ဗျာ ဖွဲနုက ဈေးကြီးနေလို့ပါ
ဖြေကြားချက် 3 ခု
စိုက်မြေကသဲဆန်ပီးမြေကြပ်နေလို့ပါ ဘယ်လိုပြုပြင်လို့ရနိုင်မလဲခင်ဗျ
ဖြေကြားချက် 3 ခု
အီးအမ်ဘိုကာရှီသဘာဝမြေဆွေးပြုလုပ်ပုံပြောပြပေးပါဆရာတို့လုပ်ချင်လို့ပါ
ဖြေကြားချက် 3 ခု
ဘိုကာချီ နဲ့ ဒိုချက်ကင်က အပင်အတွက်(အဓိကအားဖြင့် စပါးပင်အပေါ်)အကျိုးပြုပုံ ဘယ်လိုကွာခြား/ပိုကောင်းလဲ သိချင်ပါ...
ဖြေကြားချက် 1 ခု