အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
493
လွန်ခဲ့သော ၄ နှစ် က · မာန်အောင်

ဒေါင်းနီရွက်ခြောက်ရောဂါလားဗျ ဆရာတို့ #ကော့ပါးအောက်ဆီ ကလိုရိုဒ် ဖျန်းတာ ဒီတခင်းမှာ မထိရောက်လို့

ပိုးမွှားရောဂါ ဖရဲ
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၆ ခု

15,275 လွန်ခဲ့သော ၂ နှစ် က
အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ယခုအပူချိန်မြင့်နေသောအနေအထားနှင့် ရိုးကွဲအဆေးထွက်မှို gummy stem blight ဖြစ်နိုင်ပါတယ် ကော့ပါးဆိုတော့ မကုသပါ ဘေးအပင်တွေအတွက်ကောင်းပါတယ်မပြန့်ပါ ကုသဆေး ကလိုသာလိုနေး chlorothalonil ဖျန်းနိုင်ပါမယ်

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ပိုတက်စီယံအချိုးများ​ေသာဓါတ်​မြေသြဇာကျွေးပါ။ အပင်ငယ်စဥ်ကတည်းက၊ မိှု​ရောဂါများကို ကာကွယ်ရန်၊မင်ကိုဇက် (ဒိုင်သိမ်း၊အဂရီသိန်း.)ကို.မဖြစ်မ​နေဖျန်းပါ။ ဘက်တီးရီးယားကာကွယ်ရန်ကော့ပါး​ဆေးတမျိုးမျိုး(ကျူပ​ရော့ဆက်၊အောက်စီ၊ ကျုပရိုမက်၊ ဖျန်း​ပေးပါ။ ရောဂါလက္ခဏာတွေ့ပြီဆိုပါက သက်ဆိုင်ရာဆေးအုပ်စုကုသ​ဆေးတမျိုးမျိုးကို အသုံးပြုပါ။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ဒေါင်းနီခြောက်တဲ့ လက္ခဏာနဲ့ မတူဘဲ၊ Gummy blight leaf diseases လက္ခဏာနဲ့တူပါတယ်။ကော့ပါး​အောက်ဆီ ကလိုရိုဒ်နဲ့မရပါ။-ဒိုင်မီသို​မော့( မောက်ဇီ၊)အဇိုဇင်စတိုဘင်အေဇို..)စသဖြင့်:ဖျန်းရပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

ဖရဲပင်မှာကျတဲ့ဒေါင်းနှီးရွက်ခြောက်ရောဂါတွေဟာ အခြေအနေပေးရင် ဆိုးရွားစွာကျရောက်တတ်တဲ့အတွက် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။ ဒေါင်းနီးရွက်ခြောက် ရောဂါဟာ ရေကနေ တစ်ဆင့် ကူးစက် ပျံ့နှံ့နိုင်တာကြောင့် စိုက်ခင်းကို အပေါ်ကနေ ရေဖျန်းပေးခြင်းကို ရှောင်ရှားရပါမယ်။ စောစော စိုက်ခြင်းကလည်း ဒေါင်းနီးရွက်ခြောက် ရောဂါ အဆိုးရွားဆုံး အချိန်ကို ရှောင်ရှား နိုင်တဲ့အတွက် ရောဂါကျရောက်မှုနှုန်းကို လျော့နည်းစေပါတယ်။ ဖရဲစိုက်ခင်းမှာ ကျရောက်တဲ့ ဒေါင်းနီးရွက်ခြောက် ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေကတော့ - ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးနှင့် သက်တမ်းတိုမျိုးကို စိုက်ပျိုးပါ။ ဒေသရဲ့ ရေမြေရာသီဥတု နဲ့ ကိုက်ညီပြီးတော့ ဒေသအတွင်း ရရှိနိုင်တဲ့ မျိုးတွေကို ရွေးချယ် စိုက်ပျိုးပါ။ - ဖရဲစိုက်ခင်း အတွင်း လေဝင်လေထွက် ကောင်းစေရန် နဲ့ အပင်ဦးရေ များမှုအား လျော့နည်းစေရန် အတွက် ကျန်းမာ သန်စွမ်းသည့် အပင်ကို ချန်၍ မသန်စွမ်းသည့် အပင်ကို ဖယ်ရှားပေးပါ။ - ရေသွင်း ရေထုတ် စနစ်ကို စနစ်တကျ လုပ်ဆောင်ပေးပါ။ - ရိတ်သိမ်းပြီးနောက် ပင်ကြွင်းပင်ကျန်များကို ရှင်းလင်း၍ မီးရှို့ ဖျက်ဆီးခြင်း၊ တိရစ္ဆာန် များကို ကျွေးခြင်း၊ မြေကြီးနှင့် အတူ ထယ်ထိုးခြင်းများ ပြုလုပ်ပေးပါ။ - ပေါင်းမြက်များကို လည်းနှိမ်နင်းပေးပါ။ - ထရိုင်ဂို ဒါးမားမှိုကို မြေပြင်စဉ်တွင် တစ်ဧကလျှင် ထရိုင်ဂိုး (Trigold) ၅၀ဝ ဂရမ် ပုလင်း တစ်ပုလင်းနှုန်းဖြင့် သုံးပြီးကာကွယ်နိုင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

260,000 လွန်ခဲ့သော ၄ နှစ် က

ဆေးဖျန်းကာကွယ်နှိမ်နင်းခြင်း ၁။ စိုက်ခင်းထဲတွင် ရောဂါပြောက်များ စတင်ဖြစ်ပွါးမှုကို သိရှိရန် ကင်းထောက်စစ်ဆေးနေရ မည်။ ရောဂါပြောက်စတွေ့လျှင် ချက်ချင်းဖျန်ရမည်။ မတွေ့သေးလျှင်လည်း ရောဂါကိုအားပေး သည့် ရာသီဥတုမျိုး ဖြစ်ပါက ကြိုတင်ကာကွယ်သည့်မှိုသတ်ဆေး ဖျန်းပေးရန်လိုအပ်သည်။ ၂။ ရောဂါဖြစ်မှိုသည် အရွက်အောက်မျက်နှာပြင်မှ ဝင်ရောက်ခြင်းဖြစ်သောကြောင့် အရွက် အောက်မျက်နှာပြင်ကို စိုရွှဲနေအောင် ဖျန်းရမည်။ ထိသေ ကာကွယ်မှိုသတ်ဆေးများဖြစ်သော ဘရာဗို၊ မဲန်နက်၊ ဒိုင်သိန်း၊ ကိုဆိုဒ် (ကော့ပါး) (Bravo, Maneb, Dithane, Kocide) စသည်တို့ဖြင့်ဖျန်းနိုင်သည်။ ၃။ ရောဂါပြင်းထန်လျှင် ထိသေကာကွယ်ဆေး၊ မှိုသတ်ဆေးများသည် ထိရောက်မှုသိပ်မရှိပါ။ ပင်လုံးပြန့် မှိုသတ်ဆေးနှင့်ရောပြီးဖျန်းရပါမည်။ ရီဒိုမေးနှင့်ကလိုရိုသာလိုနေးလ် (Ridomil and Chlorothalonil) မှိုသတ်ဆေးများကို အသုံးပြုနိုင်သည်။ ရောဂါမပြင်းထန်လျှင် ၁၀ ရက်မှ ၁၄ ရက်ခြား၊ ရောဂါပြင်းထန်လျှင် ၅ ရက်မှ ၇ ရက်ခြား တစ်ကြိမ် ဖျန်းနိုင်သည်။ Dr. Khin Hnin Yu

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။